DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲ၌ သေဆုံးခဲ့ရသူများအတွက် အီရန်တွင် ဆန္ဒပြ
DVB
·
November 20, 2023
ဂါဇာစစ်ပွဲ၌ သေဆုံးခဲ့ရသူများအတွက် အီရန်တွင် ဆန္ဒပြ
Donate to DVB

ဂါဇာစစ်ပွဲမှာ အရပ်သားတွေနဲ့ အထူးသဖြင့် ကလေးငယ်တွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဆန့်ကျင် ဆန္ဒပြဖို့ အီရန်အစိုးရက ကမကထပြုတဲ့ ချီတက်ဆန္ဒပြပွဲတွေမှာ အီရန်နိုင်ငံသား ထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။

အီရန်ထိပ်တန်း စစ်ဦးစီးချုပ်တစ်ဦးကလည်း အစ္စရေးဟာ စစ်ပွဲမှာ ဖျက်ဆီးခြင်းဆီ ဦးတည် သွားနေတယ်လို့ ပြောခဲ့ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန် ဆာလာမီက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ထောက်ခံတဲ့အတွက် အစ္စရေးနဲ့ အမေရိကန်တို့ ရှုံးနိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

အီရန်ကျောထောက် နောက်ခံပြုထားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုနောက်ပိုင်း အစ္စရေးက နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဂါဇာမှာ သေဆုံးခဲ့တဲ့ ကလေးငယ်တွေကို ကိုယ်စားပြုတဲ့ ထုပ်ပိုးထားတဲ့ အဖြူရောင် အ၀တ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင် ခဲ့ကြပါတယ်။

အစ္စရေးနိုင်ငံသား အယောက် ၁၂၀၀ သေဆုံးပြီး ကလေးငယ်တွေ အပါအဝင် လူပေါင်း ၂၄၀ လောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ပြီးခဲ့တဲ့လက ဟားမတ်စ် တွေရဲ့ တိုက်ခိုက်မှုနောက်ပိုင်း ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့တယ်လို့ အစ္စရေးရဲ့ စာရင်းဇယားတွေက ဆိုပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၁၇ ရက်အထိ စာရင်းအရ ကလေးငယ် ၆၄၀၀ ကျော်အပါအဝင် ပါလက်စတိုင်း  ၁၅၀၂၇၁ ယောက် သေဆုံးခဲ့တယ်လို့ ယူရိုမဒ် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ခန့်မှန်း ထားပါတယ်။ 

သတင်းအချက်အလက် စုဆောင်းရခက်ခဲလို့ အချက်အလက် အသစ်တွေကို ခဏခဏ ပြင်နေခဲ့ရပေမဲ့  ကိန်းဂဏန်းတွေက ယုံကြည်စိတ်ချရတယ်လို့ ကုလသမဂ္ဂက ယူဆထားပါတယ်။

စစ်ပွဲကြောင့် ပါလက်စတိုင်း စုစုပေါင်း ၂၀၀၀၀ ကျော် အသတ်ခံခဲ့ရပြီး အိမ်ခြေ ၅၅၀၀၀ ကျော် လုံးဝ ပျက်စီးခဲ့တယ်၊ အိမ်ခြေ ၁၆၀၀၀၀ ကျော်က တစိတ်တပိုင်း ပျက်စီးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့က နိုဝင်ဘာ ၁၈ ရက်မှာ သတင်းထုတ်ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013