DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ပါလက်စတိုင်းများအတွက် အကူအညီ အီဂျစ်လခြမ်းနီအသင်းထံ အီးယူလွှဲပေး
DVB
·
November 20, 2023
ဂါဇာရှိ ပါလက်စတိုင်းများအတွက် အကူအညီ အီဂျစ်လခြမ်းနီအသင်းထံ အီးယူလွှဲပေး
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်တွေကို အကြီးအကျယ် ထိုးစစ်ဆင်ဖို့ အစ္စရေးက ပြင်ဆင်နေချိန်မှာ ဂါဇာကမ်းမြောင်က ပါလက်စတိုင်းတွေအတွက် လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က အီဂျစ်က လခြမ်းနီအသင်းဆီ နိုဝင်ဘာ ၁၈ ရက်က လွှဲပြောင်း ပေးအပ် ခဲ့ပါတယ်။ 

ဂါဇာမြောက်ဘက်ခြမ်းက ဟားမတ်စ်အဖွဲ့ကို တိုက်ခိုက်အပြီး ဂါဇာတောင်ပိုင်းက ဟားမတ်စ်တွေ ကို တိုက်ခိုက်ဖို့ နေရာရွှေ့ပြောင်းကြဖို့ အရပ်သားတွေကို အစ္စရေးက ထပ်သတိပေးခဲ့ပါတယ်။

အဲဒီနောက် ဂါဇာကမ်းမြောင် တောင်ဘက်က လူနေရပ်ကွက်တွေမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အရပ်သားတွေ ဒုက္ခရောက်နေတဲ့ အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေနဲ့ လောင်စာ ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းဖို့ အနည်းဆုံး အနေနဲ့ လူသားချင်းစာနာ ထောက် ထားမှုအတွက် ခေတ္တခဏ အပစ်အခတ်ရပ်စဲရေးကို နိုင်ငံတကာက တောင်းဆိုနေပေမယ့် စစ်ပွဲ ရပ်တန့်သွားမယ့် လက္ခဏာ မရှိနေပါဘူး။

ဥရောပသမဂ္ဂက ဂါဇာဆီ လူသားချင်း စာနာမှု အကူအညီကို ယူရိုသန်း ၁၀၀ ထိ ၄ ဆ တိုးမြှင့်ခဲ့ပြီး အိမ်နီးချင်း အီဂျစ်နိုင်ငံ အာရစ်ရှ်မြို့ဆီ ဂါဇာဒေသခံတွေအတွက် အကူအညီတွေ သယ်လာတဲ့ လေယာဉ် ၁၅ စင်းကို စီစဉ်ပေးခဲ့သလို နောက်ထပ်လည်းပေးမယ်လို့ ဗွန်ဒါလေယန်က ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်မှာ အစ္စရေးဟာ လောင်စာဆီ တင်ယာဉ်တွေ ဂါဇာကို ဝင်ခွင့်ပြုဖို့ သဘောတူပြီး ကုလသမဂ္ဂက တောင်းဆိုထားတဲ့ အကူအညီတွေကို “အကန့်အသတ်မရှိ” ကတိပြုလိုက်လို့ နိုင်ငံတကာဖိအားကို အသိအမှတ် ပြုလိုက်ပုံရတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။

ဒါပေမဲ့ လုံခြုံရေးအာမခံချက်နဲ့ လောင်စာဆီ ချို့တဲ့မှုကြောင့် သောကြာနေ့မှာ ဂါဇာဆီ အထောက်အပံ့တွေ ရောက်မလာဘဲ အကူအညီ ဖြန့်ဖြူးတာတွေ ရပ်တန့်သွားခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုအေဂျင်စီ OCHA က ပြောပါတယ်။

အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂါဇာမြောက်ဘက်က UNRWA စာသင်ကျောင်းကို တိုက်ခိုက်မှု ကြောင့် လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တဲ့ ရုပ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်အေဂျင်စီ (UNRWA) အကြီးအကဲက စနေနေ့မှာ ပြောခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013