DVB Logo
Home
မြန်မာသတင်း
ကျောက်တော်  ဂစ္ဆပနဒီတံတားထိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၆ ဦး အေအေထံ အလင်းဝင်
DVB
·
November 20, 2023
ကျောက်တော်  ဂစ္ဆပနဒီတံတားထိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင် ၆ ဦး အေအေထံ အလင်းဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာ  နိုဝင်ဘာ ၁၉ ရက်က ရဲတပ်ဖွဲ့ဝင် ၆ ယောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့ ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားထိပ်မှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၆ ယောက်ဟာ မနေ့က လက်နက်ခဲယမ်းအပြည်စုံနဲ့ ရက္ခိုင့်တပ်တော် အေအေထံမှာ အလင်းဝင်ရောက်ခဲ့တာလို့  အေအေနဲ့ နီစပ်သူတယောက်က DVB ကိုပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၆ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်သွားပြီးနောက် တံတားထိပ်မှာ တပ်စွဲထားတဲ့ ရဲတွေအားလုံးကို ညနေ ၆ နာရီခွဲ လောက် စစ်ကောင်စီဘက်က သူတို့တပ်စွဲထားတဲ့ ကျောက်တော်တောင်ပေါ် ကို  ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

အေအေနဲ့နီးစပ်သူက “ဂစ္ဆပနဒီတံတားမှာတော့ ဂိတ်မရှိတော့ပါဘူး။မြို့ထဲမှာတော့ ရဲနဲ့ စစ်ကောင်စီတပ်သား တချို့ရှိနေပြီး ရဲတွေကတော့ အခွင့်ရေးကြုံရင် ကြုံသလို တယောက်စ၊ နှစ်ယောက်စ အလင်းဝင်ရောက်တာတွေရှိနေတယ်” လို့ ပြောပါတယ်။

အဲဒီတံတားထိပ်မှာက စစ်ကောင်စီဘက်က အင်အား ၃၀ လောက်နဲ့ အခိုင်မာတပ်စွဲပြီး စစ်ဆေးရေးဂိတ် ပြုလုပ်ထားတာဖြစ်ပြီး အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အေအေထံ အလင်းဝင်သွားတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကိုတော့ မေးမြန်းနိုင်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကလည်း ကျောက်တော်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် အယောက် ၂၀ နီးပါးလောက် လက်နက်ခဲယမ်းအပြည့်စုံနဲ့  ရက္ခိုင့်တပ်တော်ထံမှာ အလင်းဝင်ရောက်ခဲ့ပါတယ်။

ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာစခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချအညံခံဖို့ အေအေက အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013