အာဆင်နယ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်ကစားသမား ဂါဘရီယယ် မာတင်နယ်လီဟာ ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာကို ပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။
အယ်လ်ဟီလာအသင်းက မာတင်နယ်လီကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
ဒီပြောင်းရွှေ့မှု ဖြစ်မြောက်ခဲ့ရင် အသက် ၂၅ နှစ်အရွယ် မာတင်နယ်လီဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်မှာ ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းရမှာပါ။
မာတင်နယ်လီအတွက် တူရကီကလပ် ဂါလာတာဆာရေးက ဒီလအစောပိုင်းမှာ ပေါင် ၃၈ သန်းခွဲနဲ့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။
ဒါပေမဲ့ မာတင်နယ်လီကတော့ အစ္စတန်ဘူလ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာ မရှိပါဘူး။
အယ်လ်ဟီလာအသင်းဟာ မာတင်နယ်လီအပြင် ပရီးမီးယားလိဂ်က ကစားသမား ၂ ယောက်ကို ထပ်မံခေါ်ယူဖို့လည်း စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။











