DVB Logo
Home
မြန်မာသတင်း
ကျိုက်မရောတိုက်ပွဲတွင် ဗိုလ်ကြီးအပါအဝင် ၂ ဦးသေ၊ လောက်ကိုင်က တရုတ်များ အမြန်ဆုံးပြန်ရန် MNDAA တိုက်တွန်း
DVB
·
November 19, 2023
ကျိုက်မရောတိုက်ပွဲတွင် ဗိုလ်ကြီးအပါအဝင် ၂ ဦးသေ၊ လောက်ကိုင်က တရုတ်များ အမြန်ဆုံးပြန်ရန် MNDAA တိုက်တွန်း
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး အပါအဝင် ၂ ယောက်သေ၊ ၂ ယောက် ဒဏ်ရာရပြီး လောက်ကိုင်မြို့နယ်ထဲက တရုတ်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအတွက် အမြန်ဆုံးပြန်ကြဖို့ ကိုကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွဒေသမှာ မုဒုံ-ကြာအင်းဆိပ်ကြီး လမ်းပေါ်က ချောင်းနှစ်ခွတံတား ချိုးဖျက်ခံရပြီး နိုဝင်ဘာ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် လှာကဇိုင်ကျေးရွာအနီးမှာ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်မှာတော့ ဇီးကုန်းကျေးရွာအနီးမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ BGF အဖွဲ့ကို KNLA ပူးပေါင်းအဖွဲ့တို့က လှကဇိုင်းကျေးရွာနားမှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာလို့ လေယာဉ်နဲ့ ပစ်ကူပေးပြီး တောင်ကလေးကို ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်တပြိုင်တည်းမှာ စစ်ကောင်စီလေယာဉ် နောက်တစင်းက ချောင်းနှစ်ခွအနီးမှာ စစ်သားတွေကို လေထီးနဲ့ ချသွားခဲ့တယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လှာကဇိုင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၂၂ လက်အောက်ခံ ခလရ ၈၁ စစ်ကြောင်း ၁ ကို PDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး မင်းခန့်ဇော် အပါအဝင် ၂ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်တယ်လို့  နဂါးနီစစ်ကြောင်းတပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၈ ရက်နေ့ တရက်တည်းမှာပဲ တောင်ကလေးရဲစခန်းက လက်နက်ကြီး နဲ့ ချောင်းနှစ်ခွဒေသက ကျေးရွာတွေကို လက်နက်ကြီးနဲ့ အကြိမ် ၂၀ နီးပါး ပစ်ခတ်ခဲ့ပြီး ချောင်းနှစ်ခွရဲစခန်းက ပိတ်မိနေတဲ့ စခန်းမှူးအပါဝင် တပ်ဖွဲ့ဝင်တွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုပါတယ်။

ကိုးကန့်တပ်မတော် (MNDAA)ကလည်း  လောက်ကိုင်မြို့နေ အရပ်သားပြည်သူတွေ လိုက်နာရမဲ့ အချက်တချို့ကို နိုဝင်ဘာ ၁၈ ရက်ညမှာ ထုတ်ပြန်ပါတယ်။

လောက်ကိုင်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအတွက် မိမိနိုင်ငံကို အမြန်ဆုံးပြန်ကြဖို့၊ လောက်ကိုင်အတွင်း မှီတင်းနေထိုင်ကြတဲ့ အရပ်သားတွေလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာန၊ တပ်စခန်းတွေနဲ့ အမြန်ဆုံး တတ်နိုင်သမျှ ဝေးဝေးမှာ နေထိုင်ကြဖို့ သတိပေးထားပါတယ်။

ပြီးတော့ လောက်ကိုင်အနီးတဝိုက်ဟာ စစ်မြေပြင်ဖြစ်လို့ စစ်ကောင်စီရဲ့ ပစ်ခတ် တိုက်ခိုက်မှုက ကာကွယ်ဖို့ အတွက် အရပ်သားတွေအနေနနဲ့ မိမိသဘောနဲ့ နေရာပြောင်းရွှေ့တာတွေမလုပ်ဖို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013