DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် စစ်တပ်ဂိတ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ မင်းပြားဒေသခံ ၁ ဦး ကျည်ထိသေဆုံး
DVB
·
November 19, 2023
ထားဝယ်တွင် စစ်တပ်ဂိတ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ မင်းပြားဒေသခံ ၁ ဦး ကျည်ထိသေဆုံး
Donate to DVB

ရခိုင်ပြည်နယ်ဦ မင်းပြားမြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းကို ထားဝယ် ပကဖ က ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ပကာရီရွာနဲ့ မဲချောင်းရွာမှာရှိတဲ့ ပကာရီရဲစခန်းနဲ့ ၈ မိုင် စစ်ဆေးရေးဂိတ်တို့ကို ထားဝယ် ပကဖ DDT တပ်ဖွဲ့က နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ လက်နက်ကြီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နိုဝင်ဘာ ၁၆ ရက်မှာ DDT က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်၊ ညပိုင်းမှာ DDT တပ်ခွဲ ၂ နဲ့ ၃ ပူးပေါင်းပြီး ပကာရီရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မှာတော့ ၈ မိုင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ DDT ဘက်ကထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

DDT အဖွဲ့ဝင် ရဲဘော်တယောက်က “လုပ်ရင်တော့ ထိထိရောက်ရောက် ပိုလုပ်ချင်တယ်။ အဓိက က လက်နက်ခဲယမ်းပဲ။ မပြည့်စုံလို့ ပြောက်ကျားပုံစံ လုပ်နေရတယ်” လို့ ပြောပါတယ်။

ပကာရီရဲစခန်းဟာ စစ်ကောင်စီအတွက် ထားဝယ်အရှေ့တောဒေသကို ထိန်းချုပ်နိုင်ဖို့ အရေးပါတဲ့ စခန်းတခုဖြစ်တာကြောင့် လက်မလွတ်ခံဘဲ ခံစစ်နဲ့ ထိန်းထားပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေကလည်း မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိပါတယ်။

ထားဝယ်အရှေ့တောဒေသဟာ ထားဝယ်-ထီးခီး ကုန်သွယ်ရေးလမ်းပိုင်းပေါ်က ဒေသဖြစ်ပြီး သတ္တုတွင်းလုပ်ငန်း အများအပြားရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့မှာတော့ နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။

ည ၈ နာရီ ၁၀ မိနစ်လောက်ကစပြီး လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြတယ်လို့ မင်းပြားမြို့ ဒေသခံတယောက်ကပြောပြီး အဲဒီပစ်ခတ်မှုကြောင့် အလယ်ပိုင်းရပ်ကွက်က အသက် ၆၀ အရွယ် ဦးတင်အောင်ရဲ့လက်မောင်းမှာ လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး သွေးထွက်လွန်  သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စျေးဟောင်းပိုင်း၊ ကမ်းနားလမ်းနဲ့ ရုံးတက်လမ်းတို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

မင်းပြားမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ ၃ ယောက်သေဆုံး၊ ၈ ယောက်ဒဏ်ရာရခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013