DVB Logo
Home
နိုင်ငံတကာ
APEC အစည်းအဝေးအတွင်း တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ထိုင်ဝမ်အထူးသံတမန် ပြော
DVB
·
November 19, 2023
APEC အစည်းအဝေးအတွင်း တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့ခြင်းမရှိဟု ထိုင်ဝမ်အထူးသံတမန် ပြော
Donate to DVB

အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC)အစည်းအဝေးမှာ  ထိုင်ဝမ် အထူးသံတမန် မောရစ် ချန်းဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၊ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့နဲ့ ဆွေးနွေးခဲ့ပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ သီးခြားတွေ့ဆုံခဲ့တာမရှိဘူးလို့ နိုဝင်ဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့မှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်မှာ ထိုင်ဝမ်ဟာ တရုတ်တိုင်ပေအဖြစ် သီးခြား ပါဝင်တက်ရောက်ခဲ့တာဖြစ်ပြီး ထိုင်ဝမ် သမ္မတတော့ တက်ရောက်ခြင်းမရှိဘဲ အထူးသံတမန် မောရစ်ချန်းကို စေလွှတ်ခဲ့တာပါ။

Chip ကုမ္ပဏီကြီး TSMC ကို တည်ထောင်သူ အသက် ၉၂ နှစ်အရွယ် ချန်းက အမေရိကန် ဒုသမ္မတ ကာမာလာဟာရစ်နဲ့လည်း ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့ပါသေးတယ်။ 

အမေရိကန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ဒီနှစ် အေပက်အစည်းအဝေးအတွင်း   သူ့မှာ သမ္မတရှီနဲ့ အလဲအထပ် လုပ်စရာ တခုခု မရှိဘူးလို့ ချန်းက ပြောပါတယ်။

ထိုင်ဝမ်နဲ့ တရုတ်နှစ်နိုင်ငံစလုံးက အေးပက် အဖွဲ့ဝင်နိုင်ငံတွေဖြစ်လို့ အေပက်ထိပ်သီးအစည်းအဝေးဟာ နှစ်ဘက် တာဝန်ရှိသူတွေ အပြန်အလှန်ဆက်ဆံနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာဖိုရမ် တခုဖြစ်ပါတယ်။

“သမ္မတ ဘိုင်ဒန်နဲ့ ကျနော်ရဲ့ ဆက်ဆံရေးဟာ လူမှုရေးအရ၊ တကယ်တော့ ပျော်စရာသဘောလို့ ပြောလို့ရတယ်" လို့ ချန်းက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နဲ့အတူ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး အတွက် ကျနော်တို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို အဓိကထား တင်ပြခဲ့ပြီး ထောက်ပံ့ရေး ခံနိုင်ရည်အားကို မြှင့်တင်ဖို့ ကျနော်ရဲ့ ပြင်းပြတဲ့ ဆန္ဒကို အတိုင်းအတာတစ်ခုအထိ တင်ပြခဲ့တယ်လို့ ချန်းက ပြောခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013