
အဲဗာတန်အသင်းဟာ နောက်ထပ် ၉ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရဖို့ရှိလို့ တန်းဆင်းသွားရဖွယ် ရှိနေပါတယ်။
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မူတွေနဲ့ အဲဗာတန်အသင်းကို ၁၀ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရ တယ်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
အဲဗာတန်အသင်းဘက်က အယူခံ တင်သွင်းခဲ့ပေမဲ့ လက်ရှိပြစ်ဒဏ်တွေအရ နောက်ထပ် ၉ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံရဖို့ ရှိနေတာပါ။
စုစုပေါင်း ၁၉ မှတ်အထိ အမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် ရာသီ အကုန်မှာ တန်းဆင်းသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာဖို့ရှိတဲ့ 777 Partners ဘက်ကတော့ တလကို ပေါင်သန်း ၂၀ ထုတ်ပေးပြီး ကျားကန်ထားလိုပေမဲ့ ပရီးမီးယားလိဂ်ဘက်က အကဲဖြတ်နေဆဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အရင်တစ်ရာသီအကျော်က တန်းဆင်းခဲ့ရတဲ့ ဘန်လေအပါအဝင် လက်စတာနဲ့ လိဒ်ယူနိုက်တက် အသင်းတွေဘက်ကလည်း ပေါင်သန်း ၃၀၀ လျော်ကြေးရလိုကြောင်း အဲဗာတန်ကို အမှုစွဲဆိုသွားမယ်လို့ အတည်ပြုထားပါတယ်။
Photo-Reuters










