DVB Logo
Home
နိုင်ငံတကာ
ဂါဇာ၌ ၁ ရက်ကို လောင်စာဆီတင်ကား ၂ စီး ခွင့်ပြု 
DVB
·
November 18, 2023
ဂါဇာ၌ ၁ ရက်ကို လောင်စာဆီတင်ကား ၂ စီး ခွင့်ပြု 
Donate to DVB

အစ္စရေးရဲ့ စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့ဟာ ကုလသမဂ္ဂရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့  ဂါဇာမှာ တရက်ကို လောင်စာဆီ ထရပ်ကား ၂ စီး ခွင့်ပြုပေးလိုက်ကြောင်း အစ္စရေး အရာရှိတဦးက နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဝါရှင်တန်ကနေ အထူးတောင်းဆိုချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဒီဆုံးဖြတ်ချက် ချခဲ့တာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဇာချိုင် ဟာနဂ်ဘီက ပြောပါတယ်။ 

လောင်စာပမာဏဟာ ဂါဇာကမ်းမြောင်ရှိ ရေ၊ မိလ္လာနဲ့ သန့်ရှင်းရေးစနစ်တွေအတွက် အနည်းငယ်မျှသာ ပံ့ပိုးပေးနိုင်မှာဖြစ်ကြောင်း ဟာနဂ်ဘီက ဆိုပါတယ်။ 

ဟားမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံ အများအပြားကို မလွှတ်ပေးမချင်း ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးကို အစ္စရေးက သဘောတူမှာ မဟုတ်ပါဘူးလို့လည်း နေတန်ယာဟု ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က ပြောဆိုပါတယ်။ 

အပစ်အခတ်ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ခေတ္တရပ်ထားဖို့ ဆိုပြီး နိုင်ငံတကာရဲ့ ဖိအားတွေကို ရက်သတ္တပတ်များစွာ ကြုံတွေ့ခဲ့ရပြီး ဓားစာခံတွေကို မလွှတ်ပေးဘဲနဲ့ ဒါတွေအားလုံး မဖြစ်နိုင်ကြောင်း၊ ဓားစာခံ အများအပြား လွတ်မြောက်လာမှသာ အပစ်အခတ် ရပ်စဲရေးကို သဘောတူနိုင်မှာ ဖြစ်ကြောင်း ဇာချိုင် ဟာနဂ်ဘီက ရုပ်မြင်သံကြား သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013