DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ခိုလှုံရေးစခန်းများ၌ ရိက္ခာနှင့်ရေ ပြတ်လပ် 
DVB
·
November 18, 2023
ဂါဇာရှိ ခိုလှုံရေးစခန်းများ၌ ရိက္ခာနှင့်ရေ ပြတ်လပ် 
Donate to DVB

အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ရေ ရှားပါးပြတ်လပ်နေတဲ့ ခိုလှုံရေးစခန်း တွေမှာ သီတင်းပတ်ချီ စုပြုံနေရတဲ့ လူတွေရှိရာ ဂါဇာမှာ ရောဂါပိုးတွေ ပျံ့နှံ့နေလို့ အင်မတန် စိုးရိမ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ခံ ဦးရေ ၇သောင်း ကျော်ပြီး တခြားလူ  ၄၄၀၀၀ က ဝမ်းလျှောနေတာကို မှတ်တမ်းတင်ထားတယ်. ကိန်းဂဏန်းတွေက မှန်းထားတာထက် ပိုမြင့်တယ်လို့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေရဲ့ WHO ကိုယ်စားလှယ် ရစ်ချာ့ဒ် ပီးပါကွန်က ပြောပါတယ်။

ဝေဟင်ကနေ ဗုံးကြဲတာနဲ့ မြေပြင် ထိုးစစ်တို့က ကျန်းမာရေးစနစ်၊ သန့်ရှင်းတဲ့ရေ လက်လှမ်းမီမှု တို့ကို နှောင့်ယှက်နေပြီး လူတွေက ခိုလှုံရေး စခန်းမှာ ကြပ်ညပ်နေလို့ ဂါဇာမှာ ရောဂါ ကူးစက်မှာကို စိုးရိမ်တယ်လို့ WHO က အရင်တည်းက သတိပေး ခဲ့ပြီးသားပါ။

မိုးရာသီအစမှာ ရေကြီးမယ့် ဖြစ်နိုင်ချေကြောင့် လူဦးရေ ထူထပ်တဲ့ ဂါဇာကမ်းမြှောင်မှာ ရေဆိုး စနစ်တွေနဲ့ ရောဂါကူးစက်မှု ပျံ့နှံ့မှာကို စိုးရိမ်မှု တိုးလာနေပါတယ်။

လောင်စာပြတ်လပ်နေလို့ မိလ္လာတွေ စုပ်ထုတ်တဲ့ စခန်းတွေနဲ့ ရေဆိုးသန့်စင် စက်ရုံတွေ ရပ်ထားရပြီး ရေညစ်ညမ်းမယ့်ဘေးနဲ့ ရောဂါ ကူးစက်မယ့်ဘေးတွေ ပိုတိုးလာနေပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013