DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ကိုးကန့် စစ်ဘေးရှောင်များ အခက်ကြုံ
DVB
·
November 18, 2023
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  ကိုးကန့် စစ်ဘေးရှောင်များ အခက်ကြုံ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်)အနီး နယ်စပ်က ဖိုင်ကောင်းစစ်ရှောင်စခန်းနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နယ်ခြားမှတ်တိုင် ၁၂၅ စစ်ရှောင်စခန်းတွေမှာ  နိုဝင်ဘာ ၁၇ ရက်ကစပြီး မိုးအဆက်မပြတ်ရွာလို့ တဲတွေထဲရေဝင်ကာ အခက်အခဲ ဖြစ်နေကြကြောင်း စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

မိုးဆက်တိုက်ရွာနေလို့ စစ်ရှောင်‌စခန်းထဲ ရေ‌‌တွေ၊ ဗွက်တွေနဲ့ အခက်အခဲဖြစ်နေတဲ့အပြင် ဖျားနာတဲ့သူကလည်း များလာတယ်လို့ စစ်ရှောင် ပြည်သူ တဦးက ပြောပါတယ်။

စစ်ရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး က "အခုက မိုးက ရွာ၊ ရွှံ့ဗွက်တွေနဲ့ အပြင်ထွက် အပေါ့အပါး သွားဖို့တောင် မလွယ်ဘူး ဖြစ်နေတယ်" လို့ ပြောပါတယ်။

ဖိုင်ကောင်းစစ်ရှောင်စခန်းမှာ စစ်‌ဘေးဒုက္ခသည် ၇၀၀ လောက် ရှိပြီး အသက် ၅ နှစ်အောက် ကလေး ၁၂၉ ဦးနဲ့ ကိုယ်ဝန်ဆောင် မိခင် ၃၈ ဦး ရှိကာ လက်ရှိ ဆေးဝါးအရေးပေါ်လို့ အပ်နေတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ခြမ်း ဝမ်တိန်က စစ်ရှောင် ၁ ဦး လည်း "မိုးက သဲကြီးမဲကြီးရွာ။ လက်နက်ကြီး သံလည်း တဝုန်းဝုန်းပဲ ဖြစ်နေတယ်။ အိမ်လုံးဝ ပြန်လို့ မရသေးဘူး" လို့ ပြောပါတယ်။

ဒါ့အပြင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ် - မြန်မာ နယ်စပ်၊ လောက်ကိုင်မြို့ အနီးက နယ်ခြားမှတ်တိုင် (နယ်စပ်မျဉ်း မိုင်တိုင်) အမှတ် ၁၂၅ ရှိ စစ်ဘေးဒုက္ခသည် စခန်းမှာလည်း ‌မိုး အဆက်မပြတ်ရွာသွန်းလို့ တဲအတွင်းထဲထိ ရေဝင်ကာ အခက်အခဲ ဖြစ်နေကြရကြောင်း စစ်ရှောင် ပြည်သူတွေဆီက သိရပါတယ်။

"လောက်ကိုင် စစ်ရှောင်ပါ။ လက်ရှိ လောက်ကိုင် စစ်ရှောင်တွေ ဘယ်လို နေနေရလဲ ဆိုတာ မြင်တဲ့ အတိုင်းပါပဲ။" လို့ စစ်ရှောင် ပြည်သူ ၁ ဦးက ဗီဒီယိုဖိုင် ပေးပို့လာပြီး ပြောပြပါတယ်။

လောက်ကိုင်မှာတော့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အပြင် ရေ၊ မီး ပါ ဖြတ်တောက်ထားပြီး  အဆက်အသွယ် ရဖို့ တရုတ် ဖုန်း SIM ကတ်သာရတော့ကာ ပုံမှန် တရုတ်ယွမ် ၅၀ ကနေ ၁၀၀ ကြားသာရှိတဲ့ SIM ကတ်ဟာ အခု တရုတ်ယွမ် ၁၃၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

အဲဒီ နယ်ခြားမှတ်တိုင် (နယ်စပ်မျဉ်း မိုင်တိုင်) ၁၂၅ စစ်ဘေး ဒုက္ခသည် စခန်းမှာတော့ နိုဝင်ဘာ ၈ ရက်နေ့ထိ ရရှိထားတဲ့ စာရင်းအရ စစ်ဘေး ဒုက္ခသည် ၁၅၀၀၀ ကျော်အထိရှိ‌ကြောင်း ‌ဒေသ အခြေစိုက် ကိုးကန့် သတင်းအရ သိရပါတယ်။

Photo-CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013