DVB Logo
Home
မြန်မာသတင်း
နောက်ဆုံးအခွင့်အရေးအဖြစ် စစ်ကိုင်းတိုင်းရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် NUG တိုက်တွန်း
DVB
·
November 17, 2023
နောက်ဆုံးအခွင့်အရေးအဖြစ် စစ်ကိုင်းတိုင်းရှိ Non-CDM ဝန်ထမ်းများ အလင်းဝင်ကြရန် NUG တိုက်တွန်း
Donate to DVB

တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ရေးလှုပ်ရှားမှုတွေအတွင်း နယ်မြေသိမ်းယူစိုးမိုးရရှိထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက Non-CDM ဝန်ထမ်းတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ကို အလင်းဝင်ရောက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပြီး ဒေသတွင်း မြို့နယ်တွေက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနတို့က Non-CDM ဝန်ထမ်းတွေအနေနဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီ စနစ်တကျ အပ်နှံကြဖို့ အကြောင်းကြားထားတာပါ။

ဒါဟာ Non-CDM ဝန်ထမ်းတွေကို NUG အစိုးရက ပေးအပ်တဲ့ နောက်ဆုံးအခွင့်အရေး အနေနဲ့ ပြည်သူလူထုဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်တာတွေကို မလွဲမသွေ ခံယူရမယ်လို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြို့သိမ်းတိုက်ပွဲတွေကို ဆင်နွှဲနေကြပြီးဖြစ်သလို တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း မြန်မာနိုင်ငံ အနှံ့အပြား စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်အဟုန် မြင့်မားစွာနဲ့ “လူထုတော်လှန်ရေးလှိုင်း” တလှိုင်းပြီး တလှိုင်း လှုပ်ရှားနေကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီပြည်နယ်က တော်လှန်ရေးအင်အားစုတွေရဲ့ ၁၁၁၁ စစ်ဆင်ရေး၊ မြန်မာပြည်အနောက်ခြမ်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဟာ ခပ်စိတ်စိတ်ဖြစ်လာနေပြီး တနိုင်ငံလုံး စစ်ရေးပဋိပက္ခ အရှိန်မြှင့် မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013