DVB Logo
Home
မြန်မာသတင်း
တန်ဆောင်တိုင်ပိတ်ရက်အတွက် ငပလီကမ်းခြေတွင် ဟိုတယ်ဘွတ်ကင် ပယ်ဖျက်မှုများလာ
DVB
·
November 17, 2023
တန်ဆောင်တိုင်ပိတ်ရက်အတွက် ငပလီကမ်းခြေတွင် ဟိုတယ်ဘွတ်ကင် ပယ်ဖျက်မှုများလာ
Donate to DVB

ရခိုင်ပြည်နယ်ထဲက ငပလီ အပါအဝင် ကမ်းခြေတွေမှာ လက်ရှိ တိုက်ပွဲအခြေအနေတွေကြောင့်  တန်ဆောင်တိုင်ပိတ်ရက် ဟိုတယ်ကြိုတင်ဘွတ်ကင် လုပ်ထားသူတွေအနေနဲ့ ပယ်ဖျက်မှုတွေများလာကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငပလီမြို့ ဟိုတယ်မန်နေဂျာတဦးက “ပုံမှန်အားဖြင့် ဒီအချိန်ဆိုရင် ကမ်းခြေလာတဲ့သူတွေက အများကြီးရှိနေပြီ။ မြို့ထဲမှာတောင် အခန်းကြိုတင်ဘွတ်ကင် ချိတ်ထားတဲ့သူတွေနဲ့ ပြည့်နေတယ်။ ဒီရက်ပိုင်းအတွင်းမှာ cancel လုပ်တာတွေ တော်တော်များများ တွေ့နေရပါတယ်။ ငပလီကမ်းခြေမှာတော့ တော်တော်များများ cancel လုပ်သွားကြတယ်” လို့ ပြောပါတယ်။

အခု နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (ULA/AA) တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ငပလီကမ်းခြေဒေသကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေ ပိတ်မိနေခဲ့ကြောင်းနဲ့ အခုလ ၂၃ ရက်အထိ သံတွဲ-ရန်ကုန် လေယာဉ်လက်မှတ်တွေလည်း ပြည့်နေပြီဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။

သံတွဲဒေသခံတဦးက “ဒီနှစ် ငပလီကမ်းခြေမှာ ကျင်းပမယ့် ဆောင်ဦးပွဲတော်အတွက် စျေးရောင်းချဖို့ စျေးဆိုင်ခန်းနေရာတွေကိုတောင် သက်ဆိုင်ရာက ရောင်းပြီးပြီ။ အခုဟာက လုပ်ဖြစ်လား မလုပ်ဖြစ်လား ဆိုတာလည်း ဘာမှမသိရဘူး” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဆောင်းဦးပွဲတော်ကို သံတွဲ(ငပလီ)အပါအဝင် မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူ ကမ်းခြေတွေမှာ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ဖို့အတွက် နိုဝင်ဘာ ၁၈ ရက်က စတင်ကျင်းပသွားမှာဖြစ်ကြောင်း ဒေသခံတွေအကြား ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013