DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ
DVB
·
November 17, 2023
ကချင်ပြည်နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရ
Donate to DVB

ကချင်ပြည်နယ်မှာ ဖိုက်ဘာအင်တာနက်လိုင်းတွေနဲ့ မိုဘိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ရက်သီတင်းပတ်နဲ့ချီ  ကြာမြင့်သွားပြီ ဖြစ်ကြောင်း  ဒေသခံတွေထံက သိရပါတယ်။

Mytel ဖိုက်ဘာအင်တာနက်နဲ့ MPT ဖိုက်ဘာ အင်တာနက်လိုင်းတွေအပါအဝင် တခြား Wifi လိုင်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ရက်နေ့ နေ့လည်ပိုင်းက စတင်ဖျတ်တောက်ထားတဲ့အတွက်  အွန်လိုင်းဈေးရောင်းချနေသူတွေ အခက်အခဲ ဖြစ်ပေါ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"Wifi အင်တာနက်လိုင်းတွေ မရတာ တပတ်ရှိပြီ။ ပစ္စည်းတွေ Live လွှင့်ရောင်းဖို့က လုံးဝ အဆင်မပြေတော့ဘူး။ မိုဘိုင်း အင်တာနက်ကလည်း လိုင်းမကောင်းတော့ Live လွှင့်လို့ အဆင်မပြေဘူး။ တယ်လီနော (အက်တမ်) ကတ်က ရတယ်ဆိုလို့ သုံးကြည့်တာ  တက်တော့တက်တယ်၊ အတော်စောင့်ရတယ်။ အဲ့ဒါနဲ့ Live လွှင့်ရောင်းလို့ အဆင်မပြေဘူး" လို့ အွန်လိုင်းကနေ ကျောက်စိမ်း Live လွှင့်ရောင်းချသူတဦးက ပြောပါတယ်။

ကချင်ပြည်နယ်က မြို့နယ် ၁၈ ခုစလုံးမှာ Wifi အင်တာနက်လိုင်းများ ပြတ်တောက်သွားပြီး နောက် တယ်လီနော ဖုန်းကတ်နဲ့ အင်တာနက် အသုံးပြုလို့ရတယ်ဆိုတဲ့အတွက်  တယ်လီနော (အက်တမ်) ဖုန်းကတ် ဝယ်ယူသူများပြားလာပြီး ဈေးနှုန်းလည်း မြင့်တက်သွားပါတယ်။

"Wifi တွေ ရတဲ့အချိန်တုန်းက တယ်လီနေ ဆင်းကတ် (မှတ်ပုံတင်ပြီး) တကတ်မှ ၃,၀၀၀ ရယ်။ Wifi လိုင်းတွေပျက်ပြီးတော့ ဆင်းကတ် တကတ်ကို ၇,၀၀၀ ကနေ ၁၂,၀၀၀ အထိ ဈေးမြင့်သွားတယ်။ သုံးကြည့်တော့လညf; အင်တာနက် သုံးရတယ် ဆိုရုံပဲ။ MPT/Mytelက အင်တာနက် လုံးဝမရတာ။ Ooredo ကလည်း လိုင်းနည်းနည်းမိတယ်၊ Wifi ကတော့ ဘာမှ မရဘူး" လို့  မြစ်ကြီးနားဒေသခံတဦးက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ MPT  Mytel  Ooredo Atom  စတဲ့ Wifi လိုင်းတွေအပြင်  ဒေသအခြေစိုက် Manau Links  KNet၊  MyNet စတဲ့ Wifi အင်တာနက်တွေပါ ပြတ်တောက်နေတာပါ။

"အရင်က Wifi အင်တာနက်လိုင်းပြတ်ရင် အလွန်ဆုံး သုံးရက်ပဲ။ အခုက တပတ်ရှိသွားပြီ။ အဲ့ဒါနဲ့  MPTရဲ့ Wifi အင်တာနက် ဝန်ဆောင်မှုပေးတဲ့ 2800 ကို ဖုန်းဆက်မေးတယ်။ အင်တာနက် ပြတ်တာတာ တပတ်ရှိတော့မယ်။ ဘာကြောင့် ဖြစ်တာလဲဆိုတော့လည်း အဲ့ဒီကိစ္စ အထက်က ညွှန်ကြားထားတာ မရှိပါဘူးတဲ့။ ဘာကြောင့် ပြတ်တယ် ဆိုတာလည်း မသိရဘူး။ တောင်းပန်ပါတယ်ချည်း ပြောနေတယ်" လို့  ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုတော့ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ကစတင်ကာ ဒီနေ့အထိ အင်တာနက်လိုင်းတွေ  ဖြတ်တောက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013