DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်မြန်မာ ၄ ဦး ဖမ်းဆီးခံရ၊ မြန်မာအချင်းချင်း သတ်ခဲ့သည့် သံသယရှိသူ ကို ဖမ်းမိရေး ထိုင်းက ဆုငွေထုတ် 
DVB
·
November 17, 2023
မဲဆောက်တွင် တရားမဝင်မြန်မာ ၄ ဦး ဖမ်းဆီးခံရ၊ မြန်မာအချင်းချင်း သတ်ခဲ့သည့် သံသယရှိသူ ကို ဖမ်းမိရေး ထိုင်းက ဆုငွေထုတ် 
Donate to DVB

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ ဦးနဲ့ နေထိုင်ခွင့် သက်တမ်းကျော်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ကို နိုဝင်ဘာ ၁၆ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ လုံခြုံရေးအဖွဲ့တွေ ပူပေါင်းပြီး ဘန်ဟိုင်းဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၁၁ နာရီခွဲက နေထိုင်ခွင့်သက်တမ်း ၄၅၉ ရက်ကျော်ခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးနဲ့ နေထိုင်ခွင့်သက်တမ်း ၅၉၅ ရက်ကျော်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

နေ့လယ် ၁၂ နာရီခွဲမှာလည်း ဘန်ဟိုင်းဟေဖွန် စစ်ဆေးရေးဂိတ်မှာ နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းမပါရှိတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးနဲ့ အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားတဦးတို့ကို တော့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မြန်မာနိုင်ငံသား ၄ ဦးထဲက နေထိုင်ခွင့်သက်တမ်းကျော်ခဲ့တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို မဲဆောက်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ‌တရားဝင် အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကိုတော့ တာ့ခ်ခရိုင် လူဝင်မှုကြီးရေးဌာနမှာ ဆက်လက်စစ်ဆေးနေတယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။

မဲဆောက်မြို့မှာ ခွင့်ပြုချက်မရှိဘဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေနဲ့ ခိုးဝင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ ဖမ်းဆီးသွားမယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ကြေညာခဲ့ပြီး ၂ လအတွင်း မြန်မာနိုင်ငံသား ၁၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်ထီယံခရိုင်၊ ထာ့ခမ်းမြို့နယ် ထားခမ်းလမ်း ၂၀ အတွင်း သေဆုံးနေတဲ့ မြန်မာနိုင်ငံသားကို သတ်ခဲ့တဲ့ သံသယရှိတရားခံ လွတ်မြောက်နေတယ်လို့​ နီးစပ်သူတွေထံက သိရပါတယ်။

နိဝင်ဘာ ၁၄ ရက်လောက်က ပုပ်ပွနေတဲ့အလောင်းကို အာဏာပိုင်တွေ တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေ စစ်ဆေးချက်အရ သံသယရှိသူကို စီစီတီဗွီမှတ်တမ်းမှာ သေဆုံးသူနဲ့အတူတူ သွားလာနေတာကို တွေ့ရှိခဲ့ပါတယ်။

စစ်ဆေးချက်အရ အသက်ရှူကြပ် သေသွားတယ်လို့ ယူဆရကာ သံသယရှိသူမှာ လွတ်မြောက်နေပြီး ပတ်စ်ပို့စာအုပ်နာမည်အရ ကျော်ကျော်လို့ သိရပါတယ်။

ကိုဆန်းမင်းဦးက “လောလောဆယ် နောက်ဆက်တွဲသတင်း ဘာမှမကြားသေးဘူး။ တရားခံလို့ ယူဆရတဲ့သူကို လိုက်ရှာနေတုန်းပဲ။ ရဲတွေသွားတွေ့တဲ့အချိန်က အလောင်းပုပ်ပွနေပြီး ပတ်ဝန်းကျင်အကြောင်းကြားလို့ သွားကြည့်တာ” လို့ ပြောပါတယ်။

သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ် ပဲခူးတိုင်းက မောင်ထွန်းနိုင် ဖြစ်ပြီး မြန်မာအချင်းချင်း သတ်မှုနဲ့ သံသယရှိသူကို သိတဲ့နေရာနဲ့ တွေ့မိပါက ဘတ် ၁၀,၀၀၀ ဆုငွေထုတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013