DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ အလင်းဝင်လာသည့် ပျူစောထီးများကို ဂုဏ်ပြု ထောက်ပံ့
DVB
·
November 17, 2023
ဂန့်ဂေါမြို့နယ်၌ အလင်းဝင်လာသည့် ပျူစောထီးများကို ဂုဏ်ပြု ထောက်ပံ့
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၁၆ ရက် မနက်ပိုင်းက လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်လာတဲ့ ပျူစောထီးတွေနဲ့ မိသားစုဝင်တွေကို ဂုဏ်ပြုထောက်ပံ့ပွဲ အခမ်းနားပြုလုပ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁ ကနေ သိရပါတယ်။

ကလေးမြို့နယ် မန္တာကျေးရွာဘက်ကနေ လက်နက်ခဲယမ်း အပြည့်စုံနဲ့ အလင်းဝင်လာတဲ့ ပျူစောထီးတွေကို လတ်တလောရပ်တည်နိုင်အောင် ထောက်ပံ့ငွေကြေးတွေပေးအပ်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း ၁ ရဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မန္တာကျေးရွာက ပျူစောထီး ၄ ယောက်နဲ့ မိသားစုဝင်အမျိုးသမီး ၂ ယောက်ဟာ အမြင်မှန်ရရှိပြီး နိုဝင်ဘာလ ၅ ရက်မှာ  ဂန့်ဂေါခရိုင် တပ်ရင်း(၁၊၇၊၁၁၊၁၂၊၁၄၊၁၉)တို့ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်းအပြည့်စုံနဲ့ အလင်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီပျူစောထီးတွေဟာ အလင်းဝင်လာတဲ့အချိန်မှာ ကာဘိုင်သေနတ် ၂ လက်၊ ကျည်ဆန် ၂၀၉ တောင့် ၊G3ကျည် ၅ တောင့်ကို ဂန့်ဂေါခရိုင်တပ်ရင်းတွေကို အပ်နှံပေးခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါအခမ်းနားကို ဒေသခံပကဖ၊ ပအဖတွေအပါဝင် ဂန့်ဂေါခရိုင် အမှတ်(၁၊၁၂၊၁၄) တပ်ရင်းတွေက ဒုတပ်ရင်းမှူးတွေက တပ်ရင်း ၆ရင်းကိုယ်စား တက်ရောက် ဂုဏ်ပြုပေးခဲ့ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013