DVB Logo
Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေး ၃ ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၆ ဦး အလင်းဝင်  (Infographic) 
DVB
·
November 16, 2023
၁၀၂၇ စစ်ဆင်ရေး ၃ ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂၆ ဦး အလင်းဝင်  (Infographic) 
Donate to DVB

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်  အောက်တိုဘာလကုန်ပိုင်းကနေ နိုဝင်ဘာ ၁၅ ရက်အထိ သီတင်း ၃ ပတ်အတွင်း  လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်  စုစုပေါင်း ၃၂၆ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

အလင်းဝင်လာသူတွေထဲမှာ စစ်တပ်က တပ်ရင်းမှူး ဗိုလ်မှူးအဆင့်ကနေ တပ်သားအဆင့်ထိ  ၂၆၁ ယောက်၊ ရဲတပ်ဖွဲ့က စခန်းမှူးအဆင့်ကနေ  ရဲတပ်သားအဆင့်ထိ အယောက်  ၅၀ နဲ့ ပြည်သူ့စစ် ၁၅ ယောက်တို့ ပါဝင်ပါတယ်။

စစ်တပ်ကလက်နက်ချသူ တဝက်ကျော်ဟာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ညီနောင် မဟာမိတ်သုံးဖွဲ့ထံမှာ  လက်နက်ချ အလင်းဝင်ခဲ့တာဖြစ်ပြီး တပ်ရင်းအလိုက် လက်နက်ချတာကြောင့်  လက်နက်ချသူ အရေအတွက် အများဆုံးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း နိုဝင်ဘာ ၁၃ ရက်  တရက်တည်းမှာ ရဲစခန်း ၂ ခုကနေ စခန်းမှူးအဆင့်အပါအဝင် ၃၆ ယောက် လက်နက်ချခဲ့ကြပါတယ်။

Infographic-DVB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013