Home
မြန်မာသတင်း
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီ တပ်သား ၂ ဦး CDM ပြုလုပ်
DVB
·
November 15, 2023

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ (အမှတ် ၁၀၀၉) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်-IPDF တပ်ဖွဲ့ဆီမှာ စစ်ကောင်စီ တပ်သား ၂ ဦး CDM ပြုလုပ်ပြီး လာရောက်ပူးပေါင်းတယ်လို့ နိုဝင်ဘာလ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

IPDF တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဖုန်းထဲကနေ ဆက်သွယ်လာပါတယ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင် အမှတ် ၂ ဆက်သွယ်ရေးတပ်ရင်းက တပ်သားတွေပါ။ လက်နက်တော့ မယူလာနိုင်ခဲ့ပါဘူး။ ဆုကြေးငွေတော့ ချီးမြှင့်ထားပါတယ်ဗျ” လို့ ပြောပါတယ်။

CDM ပြုလုပ်လာတဲ့ တပ်သား ၂ ဦးက လုပ်သက် ၆ နှစ်စီရှိပြီး ဖုန်းကနေတဆင့် CDM ပြုလုပ်ချင်ကြောင်း ပြောကာ အဆင့်ဆင့်ချိတ်ဆက်ပြီးတဲ့နောက် အောက်တိုဘာ ၇ ရက်နေ့မှာ IPDF တပ်ရင်းကို ရောက်ခဲ့တယ်လို့ သိရပါတယ်။

အင်းလေးဒေသရှိ စစ်ကောင်စီတပ်သားတွေ၊ PNO ပြည်သူ့စစ် တပ်သားတွေ၊ အင်းလေးပျူစောထီးအဖွဲ့ဝင်တွေအနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းရင် ထိုက်တန်တဲ့ ဆုကြေးငွေ ချီးမြှင့်မှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းတွေကိုလည်း CDMပြုလုပ်ကြဖို့ကို တိုက်တွန်းထားပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ဖို့ အခက်အခဲရှိခဲ့ရင်လည်း IPDF တပ်ဖွဲ့ဆီကို တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် သတင်းတွေပေးပို့ဖို့ နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလမှာလည်း လေတပ်က တပ်သားတစ်ဦးက IPDF တပ်ဖွဲ့ဆီ CDM ပြုလုပ်ခဲ့ပြီး အခုချိန်မှာတော့ CDM တပ်သား ၃ ဦးရှိနေကာ တပ်သားတွေအနေနဲ့ စစ်ကောင်စီလက်အောက်က ရုန်းထွက်ပြီး CDM ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024