DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရန် အသင့်ဖြစ်ဟု အစ္စရေးပြော
DVB
·
November 15, 2023
ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို တိုက်ခိုက်ရန် အသင့်ဖြစ်ဟု အစ္စရေးပြော
Donate to DVB

အစ္စရေးက ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့အပေါ် စစ်ဆင်ရေးချဲ့ထွင်ဖို့ အသင့်ဖြစ်နေပြီလို့ အစ္စရေးအစိုးရဝန်ကြီးနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်က လက်ဘနွန်ကို နိုဝင်ဘာ ၁၄ ရက်မှာ သတိပေးခဲ့ပါတယ်။

အစ္စရေးက ခံစစ်နဲ့ ထိုးစစ်တွေကို လိုအပ်သလို ဆက်လုပ်သွားမယ်၊ လိုအပ်ရင် လက်ဘနွန်နဲ့ ဟစ်ဇ်ဘိုလာတွေကို နာကျင်စေတဲ့ ထိုးစစ်တွေ ဆင်သွားမယ်လို့ အစ္စရေးမြောက်ပိုင်း ကိရိယတ် ရှမိုနာမြို့က သတင်းထောက်တွေကို ဂန့်ဇ်က ပြောပါတယ်။

ဒီမြို့ကို မကြာသေးမီ သီတင်းပတ်တွေအတွင်း ဟစ်ဇ်ဘိုလာတွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

လက်ဘနွန်-အစ္စရေး နယ်စပ်တလွှားမှာ သီတင်းပတ်အများကြီး ကြာလာတာနဲ့အမျှ ပစ်ခတ်တိုက်ခိုက်တာတွေ ပြင်းထန်လာပြီး နှစ်ဖက်စလုံးမှာ အသေအပျောက်တွေ တိုးလာနေပါတယ်။

အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်နိုင်ငံ ဟစ်ဇ်ဘိုလာတို့ကြား ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို စိုးရိမ်တာတွေ တိုးလာနေပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဟစ်ဇ်ဘိုလာတွေရဲ့ မဟာမိတ်နဲ့ ပထမဆုံးတုံ့ပြန်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ အာမယ်လ် လှုပ်ရှားမှုအဖွဲ့က တနင်္လာနေ့က ပြောခဲ့ပါတယ်။

အစ္စရေးဘက်ခြမ်းမှာ တနင်္ဂနွေနေ့က ဟစ်ဇ်ဘိုလာတွေရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလျှပ်စစ်ကုမ္ပဏီက အလုပ်သမား အများအပြား ဒဏ်ရာရခဲ့ပြီး တနင်္လာနေ့မှာတော့ ဒဏ်ရာတွေကြောင့် ဝန်ထမ်းတယောက် သေဆုံးခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ သူတို့ရဲ့ ပါလက်စတိုင်း မဟာမိတ် ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက်က အစ္စရေးနဲ့ စစ်ဖြစ်ချိန်ကစပြီး အစ္စရေးတပ်ဖွဲ့တွေနဲ့ စတင် ပစ်ခတ်ခဲ့ကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013