DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် ညဘက် အိမ်ပြင်ထွက်သူများကို စစ်တပ်က ဖမ်းဆီးငွေညှစ်
DVB
·
November 15, 2023
ဟုမ္မလင်းတွင် ညဘက် အိမ်ပြင်ထွက်သူများကို စစ်တပ်က ဖမ်းဆီးငွေညှစ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ စစ်ကောင်စီတပ်က ညကင်းလှည့်လည်ပြီး နေအိမ်ပြင်ပ ထွက်သူတွေကို လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က နိုဝင်ဘာ ၉ ရက်က စတင်ပြီး ည ၈ နာရီကနေ မနက် ၆ နာရီ ညမထွက်ရ အမိန့်ထုတ်ထားပြီးနောက်ပိုင်း နေအိမ်ပြင်ပထွက်သူတွေကို လိုက်လံဖမ်းဆီးပြီး ငွေနဲ့ ပြန်လည်ရွေးခိုင်းနေတာလို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတဦးက “ညမထွက်ရအမိန့်က နိုဝင်ဘာ ၉ ရက်နေ့က ထုတ်တာ။ ညပိုင်း ရဲတပ်ဖွဲ့ရယ် SNA တပ်ရယ် ကင်းလှည့်ပြီး တညတည ၁၀ ယောက်လောက်ကို ဖမ်းတယ်။ အများဆုံးကတော့ လူငယ်တွေ များတယ်။ ဖမ်းခံရတဲ့သူတွေထဲက တချို့တွေကို ငွေယူပြီး ပြန်လွှတ်ပေးတာရှိသလို အများစုကိုတော့ ဖမ်းထားတုန်းပဲရှိသေးတယ်” လို့ ပြောပါတယ်။

ည ၈ နာရီနောက်ပိုင်း နေအိမ်ပြင်ပထွက်သူတွေကို စစ်ကောင်စီလက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကင်းလှည့်ကာ လိုက်လံဖမ်းဆီးနေပြီး အမျိုးသမီးတချို့ကိုတော့ တဦး ငွေကျပ်သုံးသိန်းတောင်းကာ ပြန်လွှတ်ပေးခဲ့ပေမဲ့ အများစုကိုတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူ ဒေသခံတဦးက “အမျိုးသားတွေ အများဆုံး အဖမ်းခံရတာ။ အမျိုးသမီးတွေကိုတော့ တချို့ကို ငွေသုံးသိန်းတောင်းပြီး ပြန်လွှတ်ပေးတယ်။ သံသယရှိသူတွေကိုတော့ ပြန်မလွှတ်ဘူး။ လူ‌ရွေးပြီး လွှတ်တာ။ စဖမ်းတဲ့နေ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့လောက်အထိ လူဦးရေ ၅၀ ကျော် အဖမ်းခံရတယ်။ ၃၀ ကျော်လောက်က အခုထိ ရဲစခန်းမှာ ဖမ်းထားတုန်းပဲ” လို့ ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်က စတင်ပြီး ရှမ်းနီအမျိုးသားတပ် (SNA)၊ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၉ ရက်မှာ စစ်ကောင်စီက  ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013