DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေ
DVB
·
November 15, 2023
ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေ
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ  အဆိုးဝါးဆုံး စံချိန်တင်ဖြစ်ပွားနေပြီး ဒီရောဂါနဲ့ သေဆုံးသူပေါင်း အယောက် ၁၄၀၀  ကျော်သွားပြီလို့ အစိုးရ ထုတ်ပြန်တဲ့ တရားဝင်အချက်အလက်တွေအရ သိရပါတယ်။

လူနေထူထပ်တဲ့နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ အမြန်ပျံ့နှံ့နေလို့ ဆေးရုံတွေက လူနာတွေအတွက် နေရာပေးဖို့ ရုန်းကန်နေရပါတယ်။ ၂၀၂၃ ခုနှစ်အထိ လူပေါင်း ၁၄၄၉ ဦးထက်မနည်း သေဆုံးပြီး အယောက် ၂၉၀၀၀၀ လောက်ရောဂါ ကူးစက်ခံရတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ဆိုပါတယ်။

အခုနှစ်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံး စံချိန်တင်ကပ်ရောဂါဖြစ်ပြီးတဲ့ နောက်ပိုင်း လူသေဆုံးမှု အများဆုံးနှစ်ဖြစ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြို့တော်ဒါကာရှိ ဂျာဟန်ဂါနာဂါတက္ကသိုလ်က ဇီဝဗေဒနဲ့ အင်းဆက်ဗေဒ လေ့လာရေးပညာရှင် ခူဘီရူဘာရှားဟာ သွေးလွန်တုပ်ကွေးအပါအဝင် ခြင်ကနေ ကူးစက်တဲ့ ရောဂါတွေ မပြန့်ပွားအောင် ကာကွယ်ဖို့ နည်းလမ်းတွေရှာဖို့ မျှော်လင့်ရင်း သူ့ရဲ့ အသက်မွေးဝမ်းကြောင်း အစိတ်အပိုင်းကို ခြင်လေ့လာရေးမှာ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ၂၅ နှစ်ကြာ သုတေသနပြုတဲ့ ကာလအတွင်း ဒီနှစ် ဘင်္ဂလားဒေ့ရှ်မှာ မှတ်တမ်းတင်ထားသလို ပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုမျိုး အရင်က တစ်ခါမှမတွေ့ဖူးပါဘူး။

လွန်ခဲ့တဲ့ ၂၃ နှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် စုစုပေါင်း လူ ၈၅၆  ဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံတွင်း ခရိုင် ၆၄ ခု စလုံးမှာ သွေးလွန်တုပ်ကွေး ကူးစက်နေတာကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပါတယ်။

ပြင်းထန်တဲ့ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲမှုတွေအတွက် အရိုးကျိုး အဖျားရောဂါကို ထိန်းချုပ်ကုသဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေချိန်မှာ ဘာရှားက သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပျံ့နှံ့နိုင်တဲ့ အေးဒီးစ်ခြင်ကို အပြင်းအထန် သုတေသနပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရေသန့်မှာ ပေါက်ပွားပြီး နေ့ခင်းဘက် ကိုက်ခံရတဲ့ အေးဒီးစ်ခြင်တွေဟာ အခြေအနေနဲ့ လိုက်လျောညီထွေရှိပြီး ရေအမျိုးအစားတိုင်းနီးပါးမှာ မျိုးပွားနိုင်တယ်လို့ ဘတ်ရှားက ပြောပါတယ်။

ဒါ့အပြင် ညဘက်မှာလည်း ကိုက်တယ်လို့ သူ့ရဲ့ သုတေသနက တွေ့ရှိခဲ့ပါတယ်။ သွေးစုပ်တဲ့ဓလေ့နဲ့ သားလောင်းပေါက်ပွားနိုင်တဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်မှုဟာ  ရာသီဥတုပြောင်းလဲမှု ဖိအားကြောင့် ဖြစ်နိုင်တယ်လို့လည်း ပညာရှင် ဘတ်ရှားက ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013