DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တပ်ရင်းမှူးနှင့် တပ်ရင်းတစ်ရင်းလုံး  စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင် 
DVB
·
November 14, 2023
စစ်ကောင်စီ တပ်ရင်းမှူးနှင့် တပ်ရင်းတစ်ရင်းလုံး  စုစုပေါင်း ၂၆၂ ဦး ပြည်သူ့ရင်ခွင်ခိုလှုံအလင်းဝင် 
Donate to DVB

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသအခြေစိုက် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတစ်ရင်းလုံးနဲ့ မိသားစုအားလုံး  စုစုပေါင်း ၂၆၂ ဦးတို့  ပြည်သူ့ရင်ခွင့်ခိုလှုံအလင်းဝင်လာတယ်လို့ MNDAA ကိုးကန့်၊ TNLA နဲ့  AA  ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်၊ ည ၈ နာရီခွဲလောက်မှာ ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာ အခြေချတပ်ရင်း ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြတာလို့ဆိုပါတယ်။

အလင်းဝင်လာသူတွေထဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂၆ ဦးနဲ့ သူတို့ရဲ့ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ ၁၃၄ ဦး  စစ်ဘက်အရပ်ဘက် စုစုပေါင်း ၂၆၂ ဦးပါဝင်တယ်လို့သိရပါတယ်။

အခုလို တပ်ရင်းမှူးနဲ့ တကွ တပ်ရင်းတရင်းလုံး အလင်းဝင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်းထုတ်ပြန်တာမတွေ့ရသေးသလို သီးခြားအတည်ပြုချက်ရဖို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ 

အလင်းဝင်လာသူ တစ်ဦးချင်းစီကို မြန်မာကျပ်ငွေ ၁၀ သိန်းနဲ့ မိသားစုဝင်တစ်ဦးချင်းစီကို တစ်ဦးလျှင်ကျပ် ၁ သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့သလို ကျန်းမာရေးမကောင်းသူတွေကို  အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးထားကာ သွားလိုရာ နေရာများအသီးသီးသို့ လုံခြုံစွာပို့ပေးတယ်လို့ ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလကုန်ကစပြီး တပ်မတော်သားတွေသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေပါ ညီနောင်မဟာမိတ် ၃ ဖွဲ့ကနေ တဆင့် ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ဝင်ရောက်လာကြသူပေါင်း  ၂၀၀ ကျော်အထိ ရှိခဲ့ပြီလို့ ဆိုပါတယ်။ 

ပြည်သူ့ရင်ခွင် ခိုလှုံကြသူတွေကို အသက်၊ အန္တရာယ် လုံခြုံရေးကို အထူး အာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်ရအောင် ဆောင်ရွက်ပေးသွားမယ်၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖမ်းဆီးချုပ်နှောင်မှုမျိုး မပြုလုပ်ပါ၊ မိသားစု၊ ဆွေမျိုးတွေ အမြန်ဆုံး ပြည်လည်ပေါင်းစည်းခွင့်ရအောင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမယ်၊ ခရီးစရိတ်တွေ အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမယ်လို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ကမ်းလှမ်းထားပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် တိုက်ပွဲမှာလည်း စစ်ကောင်စီလက်အောက်ခံ စစ်တွေအခြေစိုက်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ယောက်ကို အရှင်ဖမ်းမိထားတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က သတင်းထုတ်ပြန်ထားပါတယ်။

Photo -The Kokang

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013