DVB Logo
Home
မြန်မာသတင်း
ပလက်ဝ-‌ကျောက်တော် ရေကြောင်းလမ်းနှင့် မြို့တွင်းအသွားအလာ စစ်ကောင်စီ ပိတ်ပင်
DVB
·
November 14, 2023
ပလက်ဝ-‌ကျောက်တော် ရေကြောင်းလမ်းနှင့် မြို့တွင်းအသွားအလာ စစ်ကောင်စီ ပိတ်ပင်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်တဲ့ ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းနဲ့ မြို့တွင်း အသွားအလာ လမ်းကြောင်းတွေကို စစ်ကောင်စီတပ်က ပိတ်ပင်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက် မနက် ၂ နာရီက စတင်ပြီး တရွန်အိုင်ကျေးရွာက စစ်ကောင်စီတပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

ပလက်ဝမြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် စစ်ကောင်စီက ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်း အပါအဝင် ပလက်ဝမြို့နယ်အတွင်းက ရေလမ်း၊ ကုန်းလမ်းတွေကို ပိတ်ပင်လိုက်ပြီး ဒေသခံတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပလက်ဝမှာ အရင်ကတည်းက ကုန်စျေးနှုန်းတွေ မြင့်တတ်နေပြီး နိုဝင်ဘာ ၁၃ ရက်ကတည်းက ဆန်တွေ အမြောက်အမြား ဝယ်ယူကြတဲ့အတွက် နိုဝင်ဘာ ၁၄ ရက်မှာတော့ တမြို့လုံးက ဆန်ဆိုင်အားလုံး ပိတ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံတဦးက “မနက်ကတည်းက တိုက်ပွဲတွေဖြစ်နေတာ၊ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်တယ်၊ လေယာဉ်နဲ့လည်း လာပစ်တယ်။ ဒီမနက်တော့ စျေးဝယ်လို့မရတော့ဘူး။ မြို့ထဲတွေ သွားလို့မရဘူး၊ ဆန်ဆိုင်တွေအားလုံးလည်း ပိတ်လိုက်ပြီ” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု (အမ်း) လက်အောက်မှာ တည်ရှိပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်က စစ်ကောင်စီလက်အောက်ခံ စခန်းတွေဟာ စစ်ရေးအသင့်အနေအထား ပြင်ဆင်ထားကြကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013