DVB Logo
Home
မြန်မာသတင်း
မရမ်းကုန်းရှိ Honey Nest ဒီဂျေဘားရှေ့တွင် လက်လုပ်ဗုံးပေါက်ကွဲ
DVB
·
November 14, 2023
မရမ်းကုန်းရှိ Honey Nest ဒီဂျေဘားရှေ့တွင် လက်လုပ်ဗုံးပေါက်ကွဲ
Donate to DVB

ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်း၊ အမှတ် ၁၁၀ မှာ ဖွင့်လှစ်ထားတဲ့ Honey Nest ဒီဂျေဘား ရှေ့မှာ နိုဝင်ဘာ ၁၃ ရက် ညပိုင်းက လက်လုပ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဘီယာဘူးခွံနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ဗုံးတလုံး ကလပ်အရှေ့အုတ်နံရံနားမှာ ည ၉ နာရီ ၂၅ မိ‌နစ်လောက်က ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ရပ်ကွက်နေသူတဦးက “ဗုံးက အသံတော်တော်ကျယ်တယ်။ ည ၉ နာရီခွဲလောက်က ပေါက်တာ။ ကလပ်အရှေ့နားက မီးခိုးတွေ အလုံးလိုက် တက်လာတာ။ တံတား အတက်အဆင်းနဲ့ လမ်းဆုံဘက်တော့ ရဲကားတွေ လှည့်နေတာ တွေ့ရတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲသံကို မရမ်းကုန်းမြို့နယ်အပြင် လှိုင်နဲ့ အင်းစိန်မြို့နယ်တို့ကပါ ကြားခဲ့ရပြီး ဘုရင့်နောင်ရဲစခန်းက ရဲကား၊ စစ်ကားတွေနဲ့ လာရောက်စစ်ဆေးခဲ့ကာ ကလပ် ညပိုင်းပြီးဆုံးတဲ့အထိ လုံခြုံရေးယူပေးခဲ့တယ်လို့ သိရပါတယ်။

Honey Nest ဒီဂျေဘားမှာ Table ရောင်းချနေသူတဦးက “Ticket လက်မှတ်တွေ ပြန်အမ်းတာမျိုးတော့ မရှိပါဘူး။ GA ရော၊ Table ရော ရတယ်။ ပွဲက ပုံမှန်ပါပဲ။ ပိတ်ချလိုက်တာတော့ မရှိဘူး။ စစ်ကားတွေနဲ့ လုံခြုံရေးယူပေးနေတာရှိတယ်” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုမရှိဘူးလို့ Honey Nest ဝန်ထမ်းတွေဆီက သိရပြီး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပေမဲ့ ညပိုင်း ကလပ်ဖျော်ဖြေရေးတွေ ဆက်လက်လုပ်ဆောင်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုး မတွေ့ရသေးသလို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလကလည်း Honey Nest ဒီဂျေဘား အရှေ့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

၂၀၂၃ ဇွန်လ ၁၃ ရက် မနက်အစောပိုင်းမှာတော့ ကလပ်ဖွင့်ချိန်ကျော်လွန်ပြီး ဆက်လက်ဖွင့်လှစ်ခဲ့တဲ့ Honey Nest ဒီဂျေဘားကို စစ်ကောင်စီနဲ့ ရဲတွေ ဝင်ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး အမျိုးသား အမျိုးသမီး စုစုပေါင်း လူ ၃၆၀ ကျော်ကို ထိန်းသိမ်းကာ ခံဝန်ထိုး ပြန်လွှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013