
ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းဟာ ဗြိတိန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် သူ့ရာထူးအသစ်ဟာ ပုံမှန်မဟုတ်ဘူးဆိုတာ နိုဝင်ဘာ ၁၃ ရက်မှာ ဝန်ခံခဲ့ပေမဲ့ သူ့ရဲ့ ရာထူးအတွေ့အကြုံက လက်ရှိရာထူးအတွက် အသုံးဝင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။
“ဝန်ကြီးချုပ်တယောက် ဒီလိုပုံစံနဲ့ ပြန်လာရတာ ပုံမှန်မဟုတ်မှန်း သိပေမဲ့ ပြည်သူ့ဝန်ဆောင်မှုကို ယုံကြည်ပါတယ်” လို့ တာဝန်ခန့်အပ်တဲ့နေ့မှာ သူက ပြောခဲ့တာပါ။
ဝန်ကြီးချုပ်အဖြစ် ၆ နှစ်၊ ကွန်ဆာဗေးတစ်ပါတီကို ဦးဆောင်ပြီး ၁၁ နှစ်တာကာလအတွင်းက အတွေ့အကြုံတွေဟာ ဝန်ကြီးချုပ် ရီရှီ ဆူးနတ်ခ်ကို မဟာမိတ်တွေ တည်ဆောက်နိုင်စေဖို့ ကူညီပေးနိုင်တဲ့ အသုံးဝင်တဲ့ အတွေ့အကြုံတွေ၊ အဆက်အသွယ်တွေ၊ ဆက်ဆံရေးတွေနဲ့ အသိပညာတွေ ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ရန်သူတွေကို ဟန့်တားပြီး တိုင်းပြည်ကို ခိုင်ခံ့အောင် ထိန်းသိမ်းထားပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အရင်က သူဟာ ခေါင်းဆောင်အဖြစ်ကနေ ထုတ်ပယ်ခံရပြီးတဲ့နောက် လက်ရှိဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်အပေါ် သစ္စာစောင့်သိမှုကိုလည်း ကင်မရွန်းက ထပ်အတည်ပြုခဲ့ပါတယ်။
“ကျနော် သူ့ကို ထောက်ခံချင်ပါတယ်။ ကျနော်ဟာ အသင်းဝင်တဦးဖြစ်ပြီး အသင်းဝင် တယောက်နဲ့အတူ ပါလာတဲ့ အစိုးရအဖွဲ့ရဲ့ စုပေါင်းတာဝန်ကိုလည်း လက်ခံပါတယ်” လို့ ကင်မရွန်းက ပြောပါတယ်။
ကင်မရွန်းဟာ ဗြိတိန်ရဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်မှုအပေါ် ဆန္ဒခံယူပွဲကျင်းပဖို့ အလောင်းအစားပွဲကြီး ကျင်းပပြီးနောက် ခြောက်နှစ်တာ ဝန်ကြီးချုပ်သက်တမ်းကို အဆုံးသတ်စေခဲ့ပါတယ်။
Source/Photo-Reuters










