DVB Logo
Home
နိုင်ငံတကာ
လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မလေးရှားရဲ ၁ ဦး သြစတြေးလျထောင်မှ ပြန်လွတ်လာ
DVB
·
November 14, 2023
လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် မလေးရှားရဲ ၁ ဦး သြစတြေးလျထောင်မှ ပြန်လွတ်လာ
Donate to DVB

မွန်ဂိုလီးယား အမျိုးသမီးတယောက်ကို  သတ်ဖြတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မလေးရှားရဲတပ်ဖွဲ့ဝင်တယောက်ဟာ  ၉ နှစ်နီးပါးကြာအောင် ထိန်းသိမ်းခံပြီးနောက် သြစတြေးလျ အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ တွဲဖက်ဟောင်းရဲ့ စကားပြန်ဖြစ်သူ အသက် ၂၈ နှစ်အရွယ် အယ်လ်တန်တူယာရှာရီအီဘူကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း တွေ့ရှိပြီးတဲ့နောက်  မလေးရှားရဲတပ်ဖွဲ့ဝင် စီရူးအာဇာအူမာနဲ့ တခြားရဲအရာရှိတစ်ဦးကို မလေးရှားတရားရုံးက သေဒဏ်ချမှတ်ထားတာပါ။

စီရူးဟာ စီရင်ချက်ချတာ မခံရခင် မလေးရှားနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီး အင်တာပိုလ်ရဲ့ အကြောင်းကြားစာအရ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကတည်းက သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

လူဝင်မှုကြီးကြပ်ရေးအချုပ်မှာ တရားမဝင် အကန့်အသတ်မရှိ  ချုပ်နှောင်တာကို တားမြစ်ထားတဲ့ ဩစတြေးလျတရားရုံးချုပ်ရဲ့ စီရင်ချက်ချမှတ်မှု နောက်ပိုင်း ရက်ပိုင်းအကြာမှာ ဒါဇင်ချီတဲ့ ခိုလှုံခွင့် တောင်းခံသူတွေကို လွှတ်ပေးချိန်မှာ သူလွတ်လာခဲ့တာပါ။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013