DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်း၌ အာဆီယံနိုင်ငံများထဲ မြန်မာက အောက်ဆုံးက ရပ်တည်
DVB
·
November 13, 2023
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်း၌ အာဆီယံနိုင်ငံများထဲ မြန်မာက အောက်ဆုံးက ရပ်တည်
Donate to DVB

စစ်အာဏာသိမ်းကာလ ၃ နှစ်နီးပါးထိ ကြာမြင့်လာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အငြိမ်းချမ်းဆုံးနိုင်ငံတွေစာရင်းမှာ အာဆီယံဒေသတွင်းနိုင်ငံတွေထဲ အောက်ဆုံးအဆင့်က ရပ်တည်နေတယ်လို့ သိရပါတယ်။

သြစတြေးလျနိုင်ငံ အခြေစိုက် စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IEP) အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး ဒီတွက်ချက်မှုတွေထဲမှာတော့ ပြည် တွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနှစ်ရပ်စလုံးနဲ့ သက်ဆိုင်တဲ့ အညွှန်းကိန်းများစွာ ပါဝင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အညွှန်းကိန်းတွေထဲမှာတော့ စစ်ရေးပဋိပက္ခတွေမှာ ပါဝင်ပတ်သက်မှု၊ ဒါမှ မဟုတ် ပဋိပက္ခဖြေရှင်းပုံနဲ့ ထိခိုက်နစ်နာသူတွေရဲ့ လုံခြုံမှုကို သေချာစေဖို့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ပါဝင်နေပြီး ပြည်တွင်းနဲ့ သက်ဆိုင်တဲ့ အညွှန်းကိန်း အချက်အလက်တွေမှာတော့ အကျဉ်းချခံရမှုနှုန်းတွေအပြင် အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုပမာဏ ၂ ခုလုံးကို အာရုံစိုက်တွက်ချက်ထားတယ်လို့ သိရပါတယ်။

Statistic: Ranking of the 20 most peaceful countries in the world according to the Global Peace Index 2023 | Statista
Find more statistics at Statista

ဒီအဆင့်သတ်မှတ်ချက်မှာတော့ ကမ္ဘာ့နိုင်ငံတွေထဲမှာ အိုက်စလန်နိုင်ငံက ရမှတ် ၁ ဒသမ ၁၂၄ မှတ်နဲ့  ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီး သူ့နောက်မှာ တော့ ဒိန်းမတ်၊ အိုင်ယာလန်၊ နယူးဇီလန်၊ ဩစတီးယား၊ စင်ကာပူ၊ ပေါ်တူဂီ၊ ဆလိုဗေး နီးယား၊ ဂျပန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေက ရမှတ်အများဆုံးနဲ့ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ ၁၀ ခုစာရင်းမှာ ရပ်တည်နေတာပါ။

ဒါကြောင့်မို့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့ စင်ကာပူနိုင်ငံက အငြိမ်းချမ်းဆုံး နိုင် ငံစာရင်းမှာ ထိပ်ဆုံးက ရှိနေပြီး သူ့နောက်မှာတော့ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ တီမော၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတွေ ရှိနေကာ မြန်မာကတော့ ရမှတ် ၂ ဒသမ ၇၄၁ မှတ်နဲ့ အောက်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IEP) အဖွဲ့က ထုတ်ပြန်တဲ့ ဒီစာရင်းထဲမှာတော့ နီပေါ၊ တရုတ်၊ တူနီးရှား၊ ဂီနီယာနဲ့ ဒိုမီနီကန်နိုင်ငံတွေက အောက်ဆုံးအဆင့် ၅ နိုင်ငံစာရင်းမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013