Home
မြန်မာသတင်း
ကွမ်းလုံမြို့သိမ်းတိုက်ပွဲတွင် ဓနု PDF ရဲဘော် ၂ ဦး ကျဆုံး၊ ၃ ဦးဒဏ်ရာရ
DVB
·
November 13, 2023
Da-Nu-PDF-01_13112023
Da Nu PDF_13112023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှာ  နိုဝင်ဘာ ၁၀ ရက်က ကွမ်းလုံစခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းအဖွဲ့တွေနဲ့ ပါဝင်တိုက်ခိုက်ရင်း  ဓနု PDF ရဲဘော် ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရ သွားပါတယ်။

ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P3-1003) က ၁၀၂၇ စစ်ဆင်ရေးအဖြစ် MNDAA ကွပ်ကဲမှုအောက်မှာ ပါဝင်တိုက်ခိုက်နေတာမှာ ရဲဘော် မုန်တိုင်း (ခ) စိုးမိုးထွန်းနဲ့ ရဲဘော် အောင်ပြူး (ခ) သိန်းထိုက်စိုး တို့ ကျဆုံးခဲ့တာဖြစ်ပါတယ်။

P3-1003 ရဲ့ မှော်ဘုရင်စစ်ကြောင်းတာဝန်ခံက “ကျဆုံးသွားခဲ့ရတဲ့ ကျနော်တို့ ရဲဘော်နှစ်ယောက်စလုံးက ရွာငံဇာတိပါ။ MNDAA မှာ သင်တန်းသွားတက်ပြီး တိုက်ပွဲအတွေ့အကြုံတွေယူရင်း ပါဝင်တိုက်ခိုက်နေတာပါ” လို့ ပြောပါတယ်။

အဆိုပါ ကွမ်းလုံတိုက်ပွဲအတွင်း ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (P3_1003) မှ ရဲဘော် ၃ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေကို ဦးညွှတ်အလေးပြုပြီး အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ ဓနုဒေသသာမက စစ်ကောင်စီအင်အားစုတွေ တည်ရှိရာအထိ တိုက်ထုတ်သွားမယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်မှာရှိတဲ့ အမှတ် P3-1003 တပ်ရင်း ဓနုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ကလည်း ဒေသတွင်း စစ်ကောင်စီဌာနဆိုင်ရာတွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024