DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ကယ်ဆယ်ရေးလုပ်နေသည့် ပရဟိတကား ၂ စီးကို စစ်တပ်သိမ်းဆည်း
DVB
·
November 13, 2023
လွိုင်ကော်တွင် ကယ်ဆယ်ရေးလုပ်နေသည့် ပရဟိတကား ၂ စီးကို စစ်တပ်သိမ်းဆည်း
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့မှာ ကရင်နီပူးပေါင်းတပ်တွေ ၁၁၁၁ တော်လှန်ရေး စတင်တဲ့နောက်မှာ လူထုတွေကို ကူညီကယ်ဆယ်ပေးနေတဲ့ ပရဟိတအသင်းတချို့ရဲ့ ကားတွေ သိမ်းဆည်းခံလိုက်ရပါတယ်။

လွိုင်ကော်မြို့တွင်းမှာလည်း နေအိမ်အပြင်ထွက်ခွင့် ပိတ်ထားပြီး အထူးသဖြင့် ပရဟိတအသင်း ကားတွေကို ပိတ်တာဖြစ်တယ်လို့ ပရဟိတအသင်းတခုက ဆိုပါတယ်။

ပရဟိတအသင်းဝင်တဦးက “ရှေ့ရက်ကတည်းက ကျနော်တို့ Ambulance ကားတွေ လှုပ်ရှားခွင့် ပိတ်ထားတယ်ဗျ၊ မကူညီနိုင်ဘူး။ အဓိကအားဖြင့် ပရဟိတကားတွေ ပိတ်တာ၊ မြို့တွင်းကပဲ။ ၂ စီးကတော့ ထိန်းသိမ်းခံရတယ်။ လူတော့ ခေါ်မေးတာ မရှိသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နာနတ်တော်ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ မိဘပြည်သူတွေကို ကူညီပို့ဆောင်ပေးခဲ့ပြီး ထပ်မံကူညီဖို့ပေမဲ့ လမ်းတဝက်မှာ ကားနှစ်စီးလုံး အသိမ်းခံခဲ့ရတယ်လို့ ကားသိမ်းဆည်းခံခဲ့ရတဲ့ ပရဟိတအသင်းက ဆိုပါတယ်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့မှာ နိုဝင်ဘာ ၁၁ ရက်ကစပြီး ကရင်နီပူးပေါင်းတပ်တွေက စစ်ဆင်ရေးစတင်ကာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။

ဒီကနေ့မနက် ၆ နာရီဝန်းကျင်မှာလည်း လွိုင်ကော်မြို့၊ ထေးငှားလျားကန်၊ နာနတ်တော်၊ နွားလဝိုးနဲ့ နောင်ယား ရပ်ကွက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေလည်း အများအပြားရှိနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ပရဟိတအသင်းတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013