DVB Logo
Home
နိုင်ငံတကာ
အမေရိကန် ရဟတ်ယာဉ် ၁ စီး မြေထဲပင်လယ်ထဲ ပျက်ကျ၊ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
DVB
·
November 13, 2023
အမေရိကန် ရဟတ်ယာဉ် ၁ စီး မြေထဲပင်လယ်ထဲ ပျက်ကျ၊ တပ်ဖွဲ့ဝင် ၅ ဦး သေဆုံး
Donate to DVB

စစ်ဆင်ရေးလေ့ကျင့်မှုတရပ်အတွင်း အမေရိကန် ရဟတ်ယာဉ်တစီး မြေထဲပင်လယ်ထဲကို ပျက်ကျခဲ့လို့ အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်ငါးဦး သေဆုံးခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။

ရဟတ်ယာဉ်ပျက်ကျပြီးတဲ့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ခဲ့တယ်လို့ အမေရိကန်ရဲ့ ဥရောပစစ်ဌာနချုပ်က ပြောခဲ့ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီလို့ ဆိုပါတယ်။

ရဟတ်ယာဉ်ပေါ်မှာ ပါလာတဲ့ တပ်ဖွဲ့ဝင်တွေဟာ အမေရိကန်ကြည်းတပ် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေလို့လည်း အမည်မဖော်တဲ့ အမေရိကန် အရာရှိနှစ်ဦးက ပြောပါတယ်။

ဟားမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့ချိန်ကစပြီး ပဋိပက္ခတွေ ပိုမကြီးလာစေရေး အဟန့်အတားဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက ဖို့ဒ်နဲ့ အိုက်စင်ဟောင်ဝါ သင်္ဘောတွေနဲ့ လေယာဉ်တွေ ဒါဇင်ပေါင်းများစွာကို ပံ့ပိုးကူညီ ဖြန့်ကျက် ချထားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်တို့က ဒီဖြစ်ရပ်အတွက် ဝမ်းနည်းတဲ့အကြောင်း တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013