DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့ ဖျက်သိမ်းရန် မြောက်ကိုရီးယား တောင်းဆို
DVB
·
November 13, 2023
ကုလသမဂ္ဂ ကွပ်ကဲမှုအဖွဲ့ ဖျက်သိမ်းရန် မြောက်ကိုရီးယား တောင်းဆို
Donate to DVB

အခုသီတင်းပတ်နှောင်းပိုင်းမှာ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ (UNC) က အဖွဲ့ဝင်နိုင်ငံတွေကြား တောင်ကိုရီးယားနိုင်ငံမှာ အစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားက UNC ကို တရားမဝင် စစ်ဘက်အဖွဲ့အစည်းလို့ ခေါ်ဆိုရင်း UNC ကို ဖျက်သိမ်းဖို့ နိုဝင်ဘာ ၁၃ ရက်က တောင်းဆိုခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ UNC ဟာ သဘောတရားအရ စစ်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုရီးယားနှစ်နိုင်ငံကြား စစ်မဲ့ဇုန် (DMZ) မှာ နိုင်ငံစုံစစ်အင်အားတွေကို ကြီးကြပ်ကွပ်ကဲပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတို့ဟာ ကုလသမဂ္ဂကွပ်ကဲမှုအဖွဲ့ဝင် နိုင်ငံတွေနဲ့ နိုဝင်ဘာ ၁၄ ရက်က ဆိုးလ်မြို့တော်မှာ တွေ့ဆုံကြမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ပြောခဲ့တာပါ။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်နက်ဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေး အင်စတီကျု (IDP) ကို ကိုးကားပြီး KCNA အစီရင်ခံစာက ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ် အခြေအနေအတွက် လက်ခံကျင့်သုံးမယ့် ပူးတွဲကြေညာချက်ကို ဝေဖန်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013