DVB Logo
Home
မြန်မာသတင်း
ကျောက်တော် အပေါက်ဝရဲစခန်း တစ်ခုလုံး အေအေထံ လက်နက်ချ အလင်းဝင်
DVB
·
November 13, 2023
ကျောက်တော် အပေါက်ဝရဲစခန်း တစ်ခုလုံး အေအေထံ လက်နက်ချ အလင်းဝင်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေအားလုံး နိုဝင်ဘာ ၁၃ ရက် ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်တော်(အေအေ)ထံမှာ လက်နက်ချ အလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ကျောက်တော်မြို့နယ် အပေါက်ဝနယ်မြေရဲစခန်းကို လက်နက်မချရင် တိုက်ခိုက်မယ်လို့ အေအေက သတိပေးပြီးနောက် အဲဒီရဲစခန်းမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် ၂၆ ယောက်လုံး ရက္ခိုင့်တပ်တော် အေအေထံမှာ လက်နက်ချအလင်းဝင်ရောက်ခဲ့တယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က  ဒီဗွီဘီကို ပြောပါတယ်။

ဒီမနက် ၁၁ နာရီခွဲလောက်မှာ အပေါက်ဝနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် အားလုံးဟာ အေအေထံမှာ လက်နက်ချ အလင်းဝင်ခဲ့ကြတာဖြစ်ပြီး ပစ်ခတ်မှု လုံးဝမရှိခဲ့ဘူးလို့ အပေါက်ဝ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

အလင်းဝင်လာတဲ့ရဲတွေကော မိသားစုဝင်တွေကိုပါ ရက္ခိုင့်တပ်တော်က ကားတွေပေါ်တင်ပြီး ဘေးကင်းလုံခြုံတဲ့နေရာကို ခေါ်သွားကြပြီလို့ ဆိုပါတယ်။

"လက်နက်မချရင် အေအေက တိုက်မယ်လို့ ပြောတာကြောင့် ရဲသားတွေက လက်နက်ချ အလင်းဝင်ခဲ့ကြတာဖြစ်တယ်။ ရဲသား ၃၀ နီးပါးလောက်တော့ ရှိမယ်။ ပစ်ခတ်ခဲ့ကြတာတော့ မရှိဘူး။ အခုတော့ အေအေ ဘက်ကခေါ်ဆောင်သွားကြပြီ။”

ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ မင်းပြားမြို့နယ်တွေမှာလည်း နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက အေအေနဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နယ်မြေရဲစခန်းတခု၊ နယ်ခြားစောင့်စခန်းတခုနဲ့ စစ်ကောင်စီကား ၂ စီးသိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီဘက်က အရာရှိ ၂ ယောက်နဲ့ တပ်သားတချို့ ဖမ်းဆီးရမိထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်က စစ်ကောင်စီတပ်စခန်းတွေနဲ့ ယာဥ်တန်းတွေကို လက်ရှိမှာလည်း တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

စစ်ကောင်စီကလည်း ရခိုင်ပြည်နယ် မြို့နယ်အများအပြားကို  ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားပြီး မြို့အဝင်အထွက်ဂိတ်တွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013