DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့၌ စားသောက်ကုန်များ အလုအယက်ဝယ်ယူနေ (ဓာတ်ပုံသတင်း)
DVB
·
November 13, 2023
မောင်တောမြို့၌ စားသောက်ကုန်များ အလုအယက်ဝယ်ယူနေ (ဓာတ်ပုံသတင်း)
1 / 7
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်-စစ်တွေ ကားလမ်းအား နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ပိတ်လိုက်တာကြောင့် ကုန်စျေးနှန်းတက်လာမှာကိုစိုးရိမ်ပြီး မောင်တောမြို့က ပြည်သူတွေ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "မနေ့က ကြက်သွန်နီ ၁ ပိဿာကို ၅,၀၀၀ ကနေ ၆,၀၀၀ ဖြစ်သွားတယ်။ ကြက်သွန်ဖြူ ၁ ပိဿာကို ၁၈,၀၀၀ အထိ မြင့်တက်သွားတယ်။ အနာဂတ် စားဝတ်နေရေး အခက်အခဲကို စိုးရိမ်ရတယ်။ တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာ ကျမတို့ မပြောနိုင်ပါဘူး" လို့ ပြောပါတယ်။

မောင်တော-အငူမော်ကားလမ်းရှိ ချိန်ခါလီနဲ့ ဒုံးပိုက်စခန်းအား ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက် မနက် ၅ နာရီက စတင်ဝင်တိုက်ခိုက် သိမ်းပိုက်လိုက်တာကြောင့် မောင်တော-အငူမော်-စစ်တွေလမ်းအား အကန့်အသတ်မဲ့ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013