DVB Logo
Home
အားကစား
ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှူဝါဗန် UFC 295 ပွဲတွင်အနိုင်ရ
DVB
·
November 13, 2023
ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှူဝါဗန် UFC 295 ပွဲတွင်အနိုင်ရ
Donate to DVB

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Madison Square Gardenမှာ ကျင်းပခဲ့တဲ့ UFC 295 ပွဲစဉ်မှာ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှူဝါဗန်က ပြိုင်ဘက် ပီရူးနိုင်ငံသား ဖိုက်တာကို ဒိုင်အဆုံးအဖြတ်အမှတ်နဲ့ အနိုင်ရရှိသွားတယ်။ 

အဆိုပါပွဲစဉ်တွေဟာ စုစုပေါင်း တွဲဆိုင်း ၁၂ ဆိုင်းအထိ ပါဝင်ခဲ့ပြီး မြန်မာစံတော်ချိန် နိုဝင်ဘာ ၁၂ ရက်၊ မနက် ၅ နာရီခွဲလောက်မှာ ဂျော့ရှူဝါဗန်နဲ့ ပီရူးနိုင်ငံသားဖိုက်တာ  ကယ်ဗင်ဘောချက် Kenvin Borjas တို့က ဖလိုက်ဝိတ်အစောပိုင်းပွဲဆိုင်း ဒုတိယပွဲအဖြစ် ထိုးသတ်ခဲ့ကြပါတယ်။ 

ပွဲချိန်ဟာ ၅ မိနစ် ၃ ချီပွဲ ဖြစ်ပြီး ပထမအချီ ၁ မိနစ်ခွဲလောက်မှာ ကယ်ဗင်ရဲ့ ခြေကန်ချက်၊ ညာဝိုက်လက်သီးတွေကြောင့် ဂျော့ရှူဝါဗန် လဲကျသွားခဲ့ပေမဲ့ ချက်ချင်းပြန်ထနိုင်ကာ Body Shot ထိုးနည်းကို အသုံးပြုပြီး ပထမပွဲချိန် ပြီးသွားခဲ့ပါတယ်။

ဒုတိယပွဲချီတွေမှာလည်း ဂျော့ရှူဝါဟာ ပြိုင်ဖက်ကို Body Shot တွေအပြင် မြေပြင်လှဲချမှုတွေ ရှိခဲ့ပြီး တတိယပွဲချီမှာ မြေပြင်လှဲချမှု ၂ ကြိမ်၊ ညာထောက်လက်သီးအသုံးပြုမှုတွေနဲ့ ပြိုင်ဖက်ပီရူးနိုင်ငံသား ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ 

ပွဲပြီးဆုံးချိန်မှာ ဒိုင်တွေအဆုံးအဖြတ် ၃ ချီအသာစီးရမှတ်နဲ့ ဂျော့ရှူဝါဗန် အနိုင်ရသွားခဲ့ပြီး MMA ဖိုက်တာဘ၀မှာ ၁၀ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့ ဖလိုက်ဝိတ်တန်းရဲ့ ကစားအဆင့် ၃၂ မှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

UFC 295 ပွဲစဉ်ဟာ ချင်းတိုင်းရင်းသား ဖိုက်တာ ဂျော့ရှူဝါဗန်ရဲ့ ဒုတိယမြောက်ပွဲဖြစ်ပြီး အခုပွဲစဉ်မှာ မြန်မာနိုင်ငံအလံကို ခြုံပြီး ကြိုးဝိုင်းထဲဝင်ဖို့ ခွင့်ပြုချက် ရရှိခြင်းမရှိတာကြောင့် နောက်ထိုးသတ်မယ့် ပွဲစဉ်တွေဟာ UFC ကြိုးဝိုင်းတွေထဲကို မြန်မာနိုင်ငံအလံခြုံပြီး ဝင်ရောက်ဖို့ မျှော်လင့်ပါတယ်လို့ သူရဲ့ Joshua “ The Fearless " Van လူမှုကွန်ရက်မှာ မျှဝေထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013