DVB Logo
Home
မြန်မာသတင်း
အာဆီယံတွင် ထပ်မံခွဲခြားဆက်ဆံခံရပါက တုံ့ပြန်မည်ဟု စစ်အာဏာရှင်ပြော 
DVB
·
July 31, 2026
Photo: Htuttaw
Photo: Htuttaw
Donate to DVB

အာဆီယံနဲ့ ဆက်ဆံရေးမှာ ခွဲခြားဆက်ဆံမှုတွေကို တုံ့ပြန်သွားမှာဖြစ်ပြီး မြန်မာ့ကိုယ်ပိုင် နည်းလမ်း နဲ့သာ အာဆီယံနဲ့ ဆက်ဆံရေးတိုးတက်အောင်လုပ်မယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက် စစ်အာဏာရှင်အစိုးရ သက်တမ်း ရက် ၁၀၀ ပြည့် စစ်အာဏာရှင်ဩဇာခံ ပြည်ထောင်စုလွှတ်တော်မှာပြောတဲ့ မိန့်ခွန်းမှာအခုလို ပြောဆိုလိုက်တာပါ။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ အာဆီယံနိုင်ငံတချို့က မြန်မာနိုင်ငံအပေါ်ခွဲခြားဆက်ဆံခဲ့ပေမဲ့  စိတ်ရှည် သည်းခံခဲ့ကြောင်း နောက်နောင်မှာတော့ အပြုသဘော မဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိလာရင် ဖြစ်စဉ်အလိုက် တခုချင်းတုံ့ပြန်မယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးမှာလည်း လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို စွဲကိုင်သွားမယ်လို့လည်းဆိုပါတယ်။

အာဆီယံရဲ့ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး စစ်အာဏာရှင်အစိုးရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အထောက်အကူပြုပြီး နိုင်ငံအတွက်က အကျိုးရှိမှသာ အပြုသဘောဆောင်ပြီး စဉ်းစားမယ်လို့ လည်း ထည့်သွင်းပြောဆိုသွားတယ်။

အာဏာသိမ်းပြီး ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်တွေကို အာဆီယံက ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ရောက်ခွင့်မပေးဘဲ ကြဉ်ဖယ်ထားတာ ဖြစ်ပါတယ်။  

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013