DVB Logo
Home
နိုင်ငံတကာ
ကင်ညာတွင် ရာသီဥတုအရေးတက်ကြွသူများ ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု လျော့ချရေး‌ တောင်းဆို
DVB
·
November 12, 2023
ကင်ညာတွင် ရာသီဥတုအရေးတက်ကြွသူများ ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု လျော့ချရေး‌ တောင်းဆို
Donate to DVB

အာဖရိက ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူအုပ်စုတွေ၊ လူငယ်တွေနဲ့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေဟာ ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ နိုဝင်ဘာ ၁၁ ရက်က အစိုးရအချင်းချင်း ညှိနှိုင်းရေးကော်မတီရဲ့ တတိယအကြိမ် အစည်းအဝေး မတိုင်မီ ချီတက်ခဲ့ကြပြီး ပလတ်စတစ် ထုတ်လုပ်၊ သုံးစွဲမှု လျှော့ချရေးကို တောင်းဆို ကြွေးကြော်ခဲ့ကြပါတယ်။

ဒီတက်ကြွလှုပ်ရှားသူတွေဟာ ပတ်ဝန်းကျင်ရှိ ပလတ်စတစ်စွ န့်ပစ်ပစ္စည်းတွေရဲ့ အန္တရာယ်တွေကို သတိပြုမိစေဖို့ လုပ်ဆောင်တဲ့ ကမ္ဘာလုံးဆိုင်ရာ #BreakFreeFromPlastic လှုပ်ရှားမှုရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေဟာ “ပလပ်စတစ်ဟာ ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုနဲ့ ညီမျှတယ်"၊ "ပလတ်စတစ် ထုတ်လုပ်မှုကို အခုပဲ ရပ်လိုက်ပါ” စတဲ့ စာတမ်းတွေကို ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေလည်း အော်ဟစ်ခဲ့ကြပါတယ်။ 

“ဒါက ပြည်သူတွေကို ပိုပြီးတော့ အသိပညာတွေ ပိုဖန်တီးပေးမှာမို့လို့ ကျေးလက်နေပြည်သူတွေ အနေနဲ့ ပလပ်စတစ်အမှိုက်တွေကို ပေါ့ပေါ့ဆဆ စွန့်ပစ်တာကို ရပ်လိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ မောင့်ထ် ကင်ညာတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ဟာနီဆာ မိုဟာမက် က ပြောပါတယ်။ 

နိုင်ရိုဘီရှိ ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ် (UNEP) ရုံးချုပ်မှာ ပလတ်စတစ် ညစ်ညမ်းမှုကို အဆုံးသတ်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့   အစိုးရအချင်းချင်း ညှိနှိုင်းရေးကော်မတီ (INC-3)ရဲ့ တတိယအကြိမ် အစည်းအဝေးကို ကျင်းပဖို့ ရှိနေတာပါ။ 

အဲဒီအစည်းအဝေးမှာ နိုင်ငံတကာ တရား၀င် စည်းနှောင်မှုရှိတဲ့ စာရွက်စာတမ်း ထုတ်လုပ်ဖို့ ညှိနှိုင်းကြမှာ ဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်မလာခင် ရက်ပိုင်းအလိုမှာ ဒီချီတက်ပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

INC အစည်းအဝေးကျင်းပခါနီးမှာ ဒီချီတက်ပွဲနဲ့ တခြားစီစဉ်ထားတဲ့ လှုပ်ရှားမှုတွေဟာ ပလတ်စတစ် ထုတ်လုပ်သူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပလတ်စတစ် ညစ်ညမ်းမှု အကျပ်အတည်း ကို မီးထိုးပြနေပြီး ရာသီဥတု အကျပ်အတည်းကို ပိုမိုဆိုးရွားစေတဲ့ ပလတ်စတစ်ထုတ်လုပ်မှုမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းစဉ်ကို စတင်နိုင်ဖို့ ဒီချီတက်ဆန္ဒပြသူ အုပ်စုတွေက မျှော်လင့်နေကြပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013