DVB Logo
Home
အားကစား
ဘလွန်းဒီအောဆုရှင်  မက်ဆီကို အင်တာမိုင်ယာမီအသင်း ဂုဏ်ပြု 
DVB
·
November 12, 2023
ဘလွန်းဒီအောဆုရှင်  မက်ဆီကို အင်တာမိုင်ယာမီအသင်း ဂုဏ်ပြု 
Donate to DVB

အင်တာမိုင်ယာမီအသင်းက မက်ဆီရဲ့ ဘလွန်းဒီယော ၈ ကြိမ်မြောက် စံချိန်တင် ဆုရရှိခဲ့တဲ့ အခမ်းအနားကို နယူးယောက်စီးတီးနဲ့ ချစ်ကြည်ရေးပွဲ မတိုင်ခင် ဒေသအချိန် နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့ပါတယ်။

မက်ဆီကလည်း ရွှေညလို့ အမည်ရတဲ့ Noche d’or အခမ်းအနားမှာ သူ့ရဲ့ ဆုကို ထုတ်ဖော်ပြသခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ လာမယ့်ရာသီမှာ ဒီထက်ပိုကောင်းမွန်တဲ့အရာတွေကို ရရှိလာလိမ့်မယ်လို့လည်း ကတိပေးပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ Ballon d'Or ဆုကို ရရှိခဲ့တဲ့ ပထမဆုံး မေဂျာလိဂ်လကပ်အသင်းကစားမား ဖြစ်လာပါတယ်။

ဒီဆုကို မက်ဆီက စံချိန်တင် ၈ ကြိမ်ရရှိထားပြီး ဒုတိယနေရာက ဆုအများဆုံး ရရှိထားတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုထက် ၃ ကြိမ် ပိုများပါတယ်။ 

မက်ဆီဟာ ပြီးခဲ့တဲ့နှစ် ကာတာကမ္ဘာ့ဖလားမှာ နိုင်ငံအသင်း အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် အဓိက ဦးဆောင် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကစားခဲ့တဲ့ ပြင်သစ်ကလပ် PSG အသင်းနဲ့အတူ လီဂူးဝမ်း ချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013