DVB Logo
Home
နိုင်ငံတကာ
ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ် ပစ်မှတ်များကို အစ္စရေးစစ်တပ်ပစ်ခတ်တိုက်ခိုက်
DVB
·
November 12, 2023
ဟစ်ဇ်ဘိုလာနှင့် ဟားမတ်စ် ပစ်မှတ်များကို အစ္စရေးစစ်တပ်ပစ်ခတ်တိုက်ခိုက်
Donate to DVB

အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာစစ်သွေးကြွတွေရဲ့ တည်နေရာ အများအပြားကို လေကြောင်းကနေရော အမြောက်တွေနဲ့ပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကို ပြထားတဲ့ ဗီဒီယိုတခုကို နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

လက်ဘနွန် အစ္စလာမ္မစ် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ပစ်မှတ်တွေကို အစ္စရေးစစ်တပ်က လွန်ခဲ့တဲ့ရက်က လေကြောင်းကနေ တိုက်ခိုက်လို့ စစ်သား ၅ ဦး ဒဏ်ရာရသွားတယ်လို့လည်း အစ္စရေးဘက်က ပြောပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ်ဂေါလန့်ထ်ကလည်း နယ်စပ်တစ်လျှောက် တိုက်ပွဲတွေ ပြင်းထန် မလာစေဖို့ ဟဇ်ဘိုလာအဖွဲ့ကို နိုဝင်ဘာ ၁၁ ရက်မှာ သတိပေးခဲ့ ပါတယ်။

“ဟစ်ဇ်ဘိုလာတွေဟာ လက်ဘနွန်နိုင်ငံကို စစ်ပွဲ တစ်ခုထဲ ဆွဲခေါ်သွားတယ်လို့ အစ္စရေးရုပ်သံလိုင်း တွေက ထုတ်လွှင့်တဲ့ ဗီဒီယိုတစ်ခုမှာ ဂေါလန့်က တပ်ဖွဲ့ဝင်တွေကို ပြောပါတယ်။

“အမှားအယွင်းတွေ လုပ်ပြီး ပထမဆုံးနဲ့ အထင်ရှားဆုံး ပေးဆပ်ရမယ့် သူတွေက လက်ဘနွန်နိုင်ငံသားတွေပါ။ ဂါဇာကမ်းမြောင်မှာ ကျနော်တို့လုပ်နေတာတွေကို ဘေရွတ်မှာ လုပ်လို့ရတယ်”လို့ ဂေါလန့်ထ်က ပြောပါတယ်။

လက်ဘနွန်ရဲ့ အင်အားကြီး ဟစ်ဇဘိုလာ အဖွဲ့အကြီးအကဲက သူ့ရဲ့ လက်နက်ကိုင်အဖွဲ့ဟာ မကြာမီရက်ပိုင်းအတွင်းက လက်နက်ပုံစံအသစ်တွေကို သုံးပြီး အစ္စရေးမှာရှိတဲ့ ပစ်မှတ်အသစ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ စနေနေ့က ပြောပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ ရန်သူကို တိုက်ဖို့ လက်ဘနွန်တောင်ပိုင်း ရှေ့တန်းမျက်နှာစာဟာ ဆက်ပြီး လှုပ်ရှားနေမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာအဖွဲ့ဟာ အောက်တိုဘာ ၈ ရက်ကတည်းက လက်ဘနွန်- အစ္စရေး နယ်စပ်မှာ အစ္စရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်နေခဲ့ပြီး ဟဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၇၀ ထက်မ နည်း နဲ့အတူ အရပ်သား အများအပြားလည်း သေဆုံးခဲ့ပါတယ်။.

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်မှာ မြေပြင်စစ်ဆင်ရေး ဆက်လုပ်နေရာမှာ ဟားမတ်စ်တွေရဲ့ ပစ်မှတ်တွေကိုလည်း တင့်ကားတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးရဲ့ အမှတ် ၅၅၁ တပ်မဟာက ကွန်မန်ဒိုနဲ့ လေထီးတပ်သားတွေရဲ့ အရန်တပ်မဟာ ဖြစ်ပြီး ဘိတ်ဟာနွန်း ဧရိယာမှာ စစ်ဆင်ရေး ဆောင်ရွက်နေတာကို တွေ့ရတယ်လို့  လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

စစ်ဆင်ရေးအတွင်း မူကြိုကျောင်း တကျောင်းမှာတွေ့ခဲ့တဲ့ လက်နက်အများအပြားအပြင် ဥမင်လှိုဏ်ခေါင်းအပေါက် ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့တယ်လို့ Telegram ပို့စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဂါဇာမှာ သောကြာနေ့အထိ လူပေါင်း ၁၁,၀၇၈ ဦး သေဆုံးခဲ့ပြီး အဲဒီထဲက ၄၀ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်တယ်လို့ ပါလက်စတိုင်းအရာရှိတွေက ပြောပါတယ်။ 

အစ္စရေးဘက်က သေဆုံးသူ အယောက် ၁၆၀၀ နီးပါးရှိပြီလို့ တရားဝင် ကိန်းဂဏန်းတွေကို ကိုးကားပြီး တူရကီ အခြေစိုက် အနာဒိုလူ သတင်းဌာနက ဖော်ပြပါတယ်။. 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013