DVB Logo
Home
နိုင်ငံတကာ
တူရကီအယူခံတရားရုံးကို ရှေ့နေများ ဆန္ဒပြ
DVB
·
November 12, 2023
တူရကီအယူခံတရားရုံးကို ရှေ့နေများ ဆန္ဒပြ
Donate to DVB

တူရကီနိုင်ငံမှာ ထိပ်တန်း အယူခံတရားရုံးဟာ နိုင်ငံရဲ့အမြင့်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးမှ စီရင်ချက်ကို ပယ်ချခဲ့ပြီးနောက် နိုဝင်ဘာ ၁၀ ရက်မှာ တူရကီရှေ့နေတွေဟာ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

သောကြာနေ့မွန်းလွဲပိုင်းမှာ ပြည်နယ်အသီးသီးမှ ရှေ့နေတွေဟာ အယူခံတရားရုံးရဲ့ ဆုံးဖြတ်ချက် ကို ကန့်ကွက်တဲ့အနေနဲ့ အန်ကာရာရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးကနေ အယူခံ တရားရုံးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဒါဟာ အာဏာချိုးဖောက်မှုဖြစ်ပြီး တူရကီမှာ တရားဥပဒေ စိုးမိုးရေးကို ပြောင်းပြန် မှောက်ပစ်တာ လို့လည်း ပြောကြပါတယ်။ 

တူရကီ အမျိုးသားလွှတ်တော်အမတ် ကန်အက်တလီကို အကျဉ်းထောင်ကနေ ပြန်လွှတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးရဲ့ စီရင်ချက်ကို အယူခံတရားရုံးက လျစ်လျူရှုခဲ့တာပါ။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှေ့နေတယောက်လည်းဖြစ်တဲ့ အက်တလီကို ထောက်ခံမဲ ပေးခဲ့ကြတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးအဖွဲ့ဝင်တွေကို ရာဇ၀တ်တရားရုံးက တိုင်ကြားခဲ့ပါတယ်။ 

အက်တလီဟာ ၂၀၁၃ ခုနှစ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြပွဲတွေကို စီစဉ်မှုနဲ့ ငွေကြေးကူညီမှုတို့နဲ့ ပြစ်မှုထင်ရှား စီရင်ခံရပြီးနောက်မှာ ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံရပါတယ်။

အက်တလီကတော့ ဆန္ဒပြပွဲတွေက အလိုလို ဖြစ်လာတာလို့ ဆိုပြီး စွဲချက်တွေကို ငြင်းဆိုထားတာပါ။ 

သူဟာ ထောင်ကျနေချိန်အတွင်း မေလမှာ ပါလီမန်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ 

သမ္မတ တေယစ် အာရ်ဒိုဂန်က လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတွေဟာ အငြင်းပွားမှုကို ကျော်လွှားဖို့ မလုံလောက်ဘူးလို့ ပြောကြားပြီး ဒီပြဿနာဟာ တူရကီနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အတွက် လိုအပ်ချက်ကို မီးမောင်းထိုးပြနေတာ လို့လည်း ဆိုပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥပဒေပါရဂူ ဆာကန် ကွိုက်ဘာစီ က အယူခံတရားရုံးက ဥပဒေတွေက ရှင်းလင်းနေပြီး အာဒိုဂန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ စီရင်ချက်တွေကို လိုက်နာဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ 

အာဒိုဂန်ဟာ သမ္မတအနေနဲ့ အယူခံတရားရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ချက်ကို အကောင်အထည်ဖော်ရမှာကို သေချာသိဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013