
တိုက်ပွဲတွေထဲမှာ ရုရှားက ဒရုန်းတွေ သုံးတာဟာ လွန်ခဲ့တဲ့ သီတင်းပတ်နဲ့ လတွေအတွင်း သိသိသာသာ တိုးလာတယ်လို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒန်ညက်စ်ဒေသ ရှေ့တန်းနယ်မြေ နောက်ကွယ်က ယူကရိန်း ဆေးပညာရှင်တွေက ပြောပါတယ်။
ရုရှားတွေက အမြောက်နဲ့ မော်တာတွေကို အခုချိန်ထိ သုံးနေသေးပေမယ့် မောင်းသူမဲ့ လေယာဉ် တွေကို ပိုပြီး ခဏခဏ သုံးနေပါတယ်။ ပြီးတော့ ရလဒ်က ဒီလိုဒဏ်ရာတွေနဲ့ လူတွေပဲ” လို့ ဒန်ညက်စ်ဒေသက မုန်တိုင်းတပ်မ တစ်ခုက ဘေးလွတ်ရာရွှေ့ပြောင်းရေးတပ်ဖွဲ့ အကြီးအကဲ တေတီယန်နာက ပြောပါတယ်။
သူ့တပ်မှာဆေး ကုသမှုခံယူ နေတဲ့ ၄၂ နှစ်အရွယ် စစ်သား မိုင်ခိုင်လိုက ဒရုန်းဟာ သူရှိနေတဲ့ ကတုတ်ကျင်းထဲ တန်းတန်းမတ်မတ် ပျံဝင်ခဲ့လို့ ဒဏ်ရာရတာလို့ ပြောပါတယ်။
ရုရှအစိုးရက သူ့ရဲ့ ဒရုန်းကဏ္ဍထဲကို ငွေကြေးနဲ့ အရင်းအမြစ်တွေကိုသုံးပြီး အဆင့် မြှင့်တင် နေလို့ ယူကရိန်းရဲ့ ဒရုန်းယာဉ် တပ်မဟာက စစ်သား တွေက စစ်မြေပြင်မှာ တိုက်ခိုက်ရေးဒရုန်းတွေ ကို ရှေ့ဆောင်လမ်းပြ သုံးနေပေမယ့် စိုးရိမ်ပူပန်နေကြပါတယ်။
ဒန်ညက်စ်ဒေသက အမှတ် ၈၀ လေကြောင်း တိုက်ခိုက်ရေး တပ်မဟာမှာ တိုက်ပွဲဝင်နေတဲ့ ယူကရိန်း ဒရုမ်းယာဉ်မှူးတွေက ရုရှဟာ ပိုစုဖွဲ့နိုင်တဲ့ အထောက်အပံ့တွေနဲ့ ပိုများတဲ့ စစ်ရေးအသုံးစရိတ်တွေကြောင့် အသာစီး ရနေတယ်လို့ ပြောပါတယ်။
ယူကရိန်းက ကောင်းကောင်း လေ့ကျင့်ပေးထားပြီး ဒရုမ်းယာဉ်မှူးတွေက တက်ကြွပေမယ့် နည်းပညာရင်းမြစ် ကင်းမဲ့နေတယ်လို့ တပ်မဟာရဲ့ ဒရုမ်းကုမ္ပဏီ စီးပွားရေး အမှုဆောင်ဟောင်း က ပြောပါတယ်။
ယူကရိန်းစီးပွားရေးလုပ်ငန်းတွေက ဒရုန်းတွေ အမြောက်အမြား ထုတ်လုပ်တာဟာ စစ်တပ်ကို အထောက်အကူဖြစ်စေပြီး နွေဦးပေါက်ရာသီမှာ တန်ပြန်ထိုးစစ်အသစ်တစ်ခု စတင်နိုင်မယ်လို့ လည်း သူက ပြောခဲ့ပါတယ်။
Source/Photo-Reuters