DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်က ဆရာ၊ ဆရာမ ၁,၆၀၀ အတွက် အထောက်အပံ့ပေးအပ်
DVB
·
November 11, 2023
ကရင်နီပြည်နယ်က ဆရာ၊ ဆရာမ ၁,၆၀၀ အတွက် အထောက်အပံ့ပေးအပ်
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်အတွင်းက ဆရာ၊ ဆရာမ ၁,၆၀၀ ဝန်းကျင်အတွက် ထောက်ပံ့မှု အစီအစဉ်တွေ ပြုလုပ်နေတယ်လို့ Seh Theh Foundation (STF) ထံမှ သိရပါတယ်။

၂၀၂၃-၂၄ ပညာသင်နှစ်အတွင်းမှာ ကြားကာလပညာရေးကို အကောင်အထည် ဖော်နေကြတဲ့ ကရင်နီပြည်နယ်အတွင်းက မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းပေါင်း ၂၃၈ ကျောင်းက ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ပေးသွားမှာလို့ သိရပါတယ်။

STF အဖွဲ့ကို ၂၀၁၂ ခုနှစ်ကတည်းက တည်ထောင်ထားပြီး ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာရေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတွင်းက ရှားတော၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ မော်ချီး၊ မယ်စဲ့ စတဲ့မြို့နယ်တွေက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

STF အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက “ဆရာတွေက ထောက်ပံ့မှုမရလည်း စိတ်အားထက်သန်စွာ ကလေးတွေကို သင်ကြားပေးနေသူတွေ ဖြစ်တယ်။ ကျနော်တို့ ထောက်ပံ့ပေးခြင်းအားဖြင့် သူတို့ကို အသိအမှတ်ပြုရာ ရောက်တယ်ပေါ့နော်။ ကျနော်တို့ထောက်ပံ့တဲ့ငွေက သူတို့အတွက် မုန့်ဖိုး၊ ဟင်းဖိုးလေးတော့ ဖြစ်သွားနိုင်တယ်။ သူတို့အလုပ်မှာလည်း စိတ်အားထက်သန်စွာ ပိုကြိုးစားလာကြမယ်လို့ မျှော်လင့်ရပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆရာ၊ ဆရာမတွေဟာ ထောက်ပံ့ကြေး မရရှိသလောက် နည်းပါးပြီး ကလေးတွေ ဆက်လက်ပညာသင်ကြားနိုင်ဖို့ ကြိုးစားနေရတဲ့အတွက် ဆရာ၊ ဆရာမတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေလည်း ရင်ဆိုင်နေရပါတယ်။

ဖရူဆိုမြို့နယ်မှ CDM ဆရာမတဦးက“Seh Theh ဖောင်ဒေးရှင်းက ကျမတို့ဒေသက ကျောင်းတွေမှာ ကျောင်းအတွက်လိုအပ်တဲ့ သင်ထောက်ကူ စာရေးကိရိယာ စတာတွေ ထောက်ပံ့တယ်။ ဆရာ၊ ဆရာမတွေအတွက်လည်း မုန့်ဖိုးနဲ့ အသုံးစရိတ်သဘောပေါ့ ၃ လတကြိမ် ၁ သိန်းပေးတယ်ပေါ့နော်။ ကျမတို့ လက်ခံရရှိတာတော့ ၂ ခါရှိပါပြီ” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာ စာသင်ကျောင်းပေါင်း ၄၀၀ ဝန်းကျင်က ကလေးငယ် အယောက် ၃၀,၀၀၀ ကို ဆရာ၊ ဆရာမ ၃,၀၀၀ ကျော်က ပညာသင်ကြားပေးနေကြတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013