DVB Logo
Home
မြန်မာသတင်း
စစ်တပ် တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း ဆရာ၊ ဆရာမနှင့် ကျောင်းသား ၁၁၂ ဦး သေဆုံး
DVB
·
January 22, 2026
စစ်တပ် တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း ဆရာ၊ ဆရာမနှင့် ကျောင်းသား ၁၁၂ ဦး သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပညာရေးကဏ္ဍက ဆရာ၊ ဆရာမနဲ့ ကျောင်းသား ကျောင်းသူပေါင်း ၁၁၂ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်ပါတယ်။ 

အဲဒီအထဲက ၉၆ ယောက်ကို AAPP က နာမည်နဲ့တကွ အတည်ပြုထားနိုင်ပြီး ၁၆ ယောက်ကိုတော့ အတည်ပြုဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

AAPP က အတည်ပြုထားနိုင်တဲ့ သေဆုံးသူ ၉၆ ယောက်ထဲမှာ အမျိုးသမီး ၄၇ ယောက် အမျိုးသား ၄၉ ယောက် ပါဝင်ပြီး အဲဒီသူတွေထဲမှာ ၁၈ နှစ်အောက် ၇၁ ယောက် ပါဝင်ပါတယ်။ 

သေဆုံးသူအများဆုံးဟာ စစ်ကိုင်းတိုင်းကဖြစ်ပြီး ၃၉ ယောက် သေဆုံးခဲ့ကာ ရခိုင်ပြည်နယ်က ၂၇ ယောက်နဲ့ ဒုတိယအများဆုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ပညာရေးကဏ္ဍက သေဆုံးသူတွေထဲမှာ အယောက် ၈၀ က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတာလို့ AAPP က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013