DVB Logo
Home
မြန်မာသတင်း
ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ထပ်မံသိမ်းပိုက်
DVB
·
November 10, 2023
ကွမ်းလုံမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ ထပ်မံသိမ်းပိုက်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA၊ TNLA နဲ့ AA ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေဆင်နွှဲနေတဲ့ Operation 1027” ၁၀၂၇ စစ်ဆင်ရေးရဲ့  ၁၄ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့  မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။

ကွမ်းလုံမြို့ကို မနေ့ကသိမ်းပိုက်ရရှိထားခဲ့ပေမဲ့ ကစဥ့်ကလျားဖြစ်ကာ ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းနေတဲ့အပြင်  ကွမ်းလုံမြို့ကို အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။ 

ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာနဲ့ ဖုန်းချွေရှမ်ကြား ရှောက်ပယ်အိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ တုန်းရှမ်းဒေသ၊ ရှီယွင်ကြည်ကျေးရွာအနီးက ဟဲ့ဟုတ်တောင်ပေါ်ရှိ စစ်ကောင်စီရဲ့ အဓိကဗျူဟာကုန်းတွေနဲ့ အရန်စခန်းတွေအားလုံးကို အပြီးသတ် သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ 

မနေ့နေ့လယ်လောက်ကစပြီး စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးတွေနဲ ပစ်ခတ်တာကြောင့် နောင်ချိုမြို့နယ်၊ ဆမ်မဆယ်ကျေးရွာအတွင်းကို ကျရောက်ပြီး လူနေအိမ် ၄ လုံး ပျက်စီးခဲ့ပါတယ်။

လားရှိုးမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ ခလရ - ၆၈ တပ်စခန်းကနေလည်း နာလိုင်ရွာထဲကို လက်နက်ကြီးနဲ့ ၂၈ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်းထိမှန်ပျက်စီးခဲ့ပြီး ပြည်သူ ၃  ဦး သေဆုံး၊ကာ ၄ ဦးထိမှန်ဒဏ်ရာရပြီး အဲထဲက  ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။

စစ်ဆင်ရေးစတင်ချိန်ကနေ သီတင်း နှစ်ပတ်လောက်အတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက  ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးမြို့တွေကို အပြည့်အဝသိမ်းပိုက်ခဲ့ပြီး သိန္နီ၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်းမြို့တွေရဲ့ နေရာအားလုံးနီးပါးကိုတော့ ထိန်းချုပ်ထားနိုင်‌ပေမဲ့ အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ၊ စစ်ကောင်စီတပ်စခန်း ၁၂၈ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ထားတယ်။

ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ နိုဝင်ဘာ ၈ ရက်နေ့က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူဆွေးနွေးခဲ့ကာ နယ်မြေတည်ငြိမ်ဖို့အတွက်လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားပါတယ်။

PHOTO CREDIT-1027 OPERATION

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013