DVB Logo
Home
မြန်မာသတင်း
လားရှိုးစစ်ရှောင်စခန်း လက်နက်ကြီးဖြင့်ပစ်ခံရ၊ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
DVB
·
November 9, 2023
လားရှိုးစစ်ရှောင်စခန်း လက်နက်ကြီးဖြင့်ပစ်ခံရ၊ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ထဲက မိုင်းတိမ်ရွာစစ်ရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တယောက်အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုလ် (SHRF) မှ မယိန်းလျန်ဟန်က DVB ကို ပြောပါတယ်။

လားရှိုးမှာရှိတဲ့ စစ်တပ်တခုက လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်ရာကနေ လားရှိုး-မိုင်းယော်ကားလမ်းပေါ်က မိုင်းတိမ်ရွာစစ်ရှောင်စခန်းဘက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ကျည် (၃) လုံး ဘုန်းကြီးကျောင်းထဲကျတယ်။ ၁ လုံးက မကွဲဘူး၊ ၂ လုံးကကွဲတယ်။ ကွဲတဲ့ ၂ လုံးမှာ အသက် ၆၀ ကျော် အဘွားတယောက်သေဆုံးတယ်။ အသက် ၁၀ နှစ်ဝန်းကျင် ကလေးတယောက်သေဆုံးတယ်။”

မိုင်းတိမ်ရွာ ဘုန်းကြီးကျောင်းမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းမှာ လူဦးရေ ၅၀၀ ဝန်းကျင်ရှိပြီး အခြား အမျိုးသားတယောက်လည်း ခြေထောက် ပြတ်သွားတယ်လို့ မယိန်းလျန်ဟန်က ဆက်ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ လက်နက်ကြီးတွေ ဆက်လက်ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘုန်းကြီးကျောင်းထဲ ပိတ်မိနေပြီး အသေးစိတ်ကို DVB အနေနဲ့ ထပ်ပြီးစုံစမ်းနေပါတယ်။

လားရှိုးတမြို့လုံးအနေနဲ့ကတော့ စစ်ရှောင် ၇၀၀၀ ကျော်ရှိပြီး စစ်ဆင်ရေးကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၇ ဦးဝန်းကျင် သေဆုံးထားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်ညီနောင် (၃) ဖွဲ့ဘက်ကတော့ ပြင်ပအကူအညီဘာတခုမှမရှိသေးတဲ့အတွက် စစ်ဆင်ရေးဖော်ဆောင်ရင်း စစ်ရှောင်တွေနဲ့ ပိတ်မိနေသူတွေကိုပါ တက်နိုင်သလောက် အကန့်အသတ်နဲ့ ကူညီပေးနေတယ်လို့ DVB ကို ပြောဆိုထားပါတယ်။

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013