DVB Logo
Home
မြန်မာသတင်း
သုခဒဂုံအိမ်ရာ နေထိုင်ခွင့် မဲနှိုက်မည်
DVB
·
November 9, 2023
သုခဒဂုံအိမ်ရာ နေထိုင်ခွင့် မဲနှိုက်မည်
Donate to DVB

ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်က သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်ရသူတွေကို နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တို့မှာ မဲနှိုက်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့အငှားအိမ်ရာနေရာချထားရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံက သိရပါတယ်။

ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတင်သွင်းထားတဲ့ လူဦးရေ ၁၁,၀၀၀ ကျော်ရှိတဲ့ထဲက ပြန်လည်စိစစ်ပြီး အချက်အလက်နဲ့ ကိုက်ညီတဲ့သူ ၆,၇၈၇ ယောက်က အခန်းပေါင်း ၁,၉၆၈ ခန်းအတွက် မဲနှိုက်ရမှာဖြစ်ပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတဦးက “ပြည်သူတွေအနေနဲ့ မိမိတို့မဲနှိုက်ရမယ့် တိုက်နံပါတ်တွေကို တိုက်ရဲ့အရှေ့ ပထမထပ် ဘယ်ဘက်ခြမ်းမှာ အပြာရောင်ပေါ်မှာ အဖြူရောင်စာလုံးနဲ့ ကပ်ထားပေးပါမယ်။ တိုက်တည်နေရာ အညွှန်းပြ မြေပုံကိုလည်း အဝင်လမ်း (အမှတ်-၂) လမ်းပေါ်မှာ တိုက်နံပါတ်တွေကို မြင်ရမယ့် ပုံနဲ့ညွှန်ပြထားပေးမှာပါ။ တိုက်နေရာရှာဖို့ကို လိုအပ်ရင် ဝန်ထမ်းတွေကလည်း လိုက်ပြီးညွှန်ပြပေးမှာမို့ မစိုးရိမ်ကြဖို့ကိုလည်း အသိပေးချင်ပါတယ်" လို့ ပြောပါတယ်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာမှာ မဲနှိုက်ခွင့်ရရှိတဲ့သူတွေစာရင်းကို မိမိတို့လျှောက်လွှာတင်ခဲ့တဲ့ မြို့နယ်ရုံးတွေမှာ နိုဝင်ဘာလ ၂ ရက် ကနေစတင်ပြီး သွားရောက်ကြည့်ရှုစုံစမ်းနိုင်ကြောင်းနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးမကောင်းသူတွေအနေနဲ့လည်း လာရောက်နိုင်ခြင်းမရှိက ကိုယ်စားလှယ်လွှဲစာနဲ့အတူ ကိုယ်စားလှယ်တစ်ဦး လာရောက်မဲနှိုက်ခွင့်ရှိကြောင်း သိရပါတယ်။

ဒေါပုံမြို့နယ်က ပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်ခွင့်လျှောက်ထားသူ တဦးက “အန်တီတို့က မနက်ဖြန် သန်ဘက်ခါဆို ပင်စင်သွားပြီလေ။ လိုင်းခန်းက ဆက်နေလို့မရတော့ဘူး။ အပြင်မှာ ငှားနေဖို့ဆိုတာလည်း အခန်းက စျေးတွေမြင့်နေတာ။ မဲနှိုက်ခွင့်တော့ ရထားပြီးပြီ။ ပြီးခဲ့တဲ့လကတည်းက မဲနှိုက်ဖို့မျှော်နေတာ။ ဒီတခါတော့ တကယ်နှိုက်ဖြစ်ရင် ပိုကောင်းတာပေါ့" လို့ ပြောပါတယ်။

မဲပေါက်သူတွေအနေနဲ့ နိုဝင်ဘာလ ၂၀ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက်အတွင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာရုံးမှာ အိမ်ငှားစာချုပ်ချုပ်ဆိုတာတွေနဲ့ အိမ်လခပေးသွင်းတာတွေ လာရောက်ဆောင်ရွက်ရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက် ကစတင်ကာ မိမိတို့မဲ ပေါက်ထားတဲ့အခန်းမှာ တက်ရောက်နေထိုင်ခွင့်ရရှိမှာလို့ သိရပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ငှားရမ်းနေထိုင်သူတွေကို နေထိုင်ခွင့်သက်တမ်း ၅ နှစ်သက်မှတ်ထားပြီး အခန်းခအနေနဲ့ ၁လကို ၄၆၀၀၀ ကျပ်ကနေ ၆၇၀၀၀ ကျပ်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ဒုတိယအသုတ်အဖြစ် ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာတွေ ခေါ်ယူသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013