DVB Logo
Home
မြန်မာသတင်း
ခမရ ၄၂၂ တပ်ရင်းမှ ရဲဘော်တဦး ဖယ်ခုံ PDF ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်
DVB
·
November 9, 2023
ခမရ ၄၂၂ တပ်ရင်းမှ ရဲဘော်တဦး ဖယ်ခုံ PDF ထံ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်
Donate to DVB

ရှမ်း-ကရင်နီ (ကယား) နယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအခြေစိုက် ခမရ-၄၂၂ တပ်ရင်းမှ စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ ခိုလှုံလာတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ခမရ ၄၂၂ တပ်ရင်းမှ တပ်သားအဆင့် ရဲဘော်တဦးဟာ နိုဝင်ဘာ ၇ ရက်က ဖယ်ခုံ PDF ဆီ အလင်းဝင်ခဲ့တာလို့ ဖယ်ခုံPDF တပ်ရင်း (၂) ဗိုလ်တစ်ထောင်တပ်ခွဲ B (1006) က နိုဝင်ဘာ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ဟာ ကရင်နီပြည်နယ်ကနေ ဆုတ်ခွာပြီး ရှမ်းမြောက်စစ်မျက်နှာကို ပို့ဆောင်မယ့် စစ်​​ကောင်စီရဲ့ ယာဥ်တန်းအတွက် လုံခြုံရေးဆောင်ရွက်နေစဥ် ထွက်ပြေးလွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

"အလင်းဝင်လာတဲ့ ရဲဘော်က အသက် ၂၅ ဝန်းကျင်လောက် ရှိပါပြီ။ စစ်တပ်က ထွက်ပြေးလာတာ ဖုန်းလည်း မပါဘူး။ ကျနော်တို့ စစ်ကြောင်းထွက်ရင်းနဲ့ လမ်းမှာဆုံတာ။  သူနဲ့အတူ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ဆန် အတောင့် ၁၀၀ ကျော်ပါလာတယ်ပေါ့နော်။ ကျနော်တို့ဘက်က ဆုငွေပေးအပ်ပြီး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးခဲ့ပါတယ်။ အခုတော့ သူ့ကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်ပေးလိုက်ပါပြီ” လို့ ဗိုလ်တစ်ထောင်တပ်ခွဲရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်ရှိ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ပြည်သူတချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013