DVB Logo
Home
နိုင်ငံတကာ
ပေါ်တူဂီတွင် တရားမဝင် လီသီယမ်ဓာတုပစ္စည်းများကို ရှာဖွေဖမ်းဆီး
DVB
·
November 9, 2023
ပေါ်တူဂီတွင် တရားမဝင် လီသီယမ်ဓာတုပစ္စည်းများကို ရှာဖွေဖမ်းဆီး
Donate to DVB

လီသီယမ်နဲ့ “အစိမ်းရောင်” ဟိုက်ဒရိုဂျင် အရောင်းအဝယ်တွေမှာ တရားမဝင်မှုတွေရှိနေလို့ ဆိုပြီး စုံစမ်းစစ်ဆေးနေကြတဲ့ ပေါ်တူဂီ အစိုးရရှေ့နေတွေဟာ နိုဝင်ဘာ ၇ ရက်က အစိုးရ အဆောက်အဦ အတော်များများကို ဝင်ရောက်ရှာဖွေခဲ့ကြပါတယ်။

“အစိမ်းရောင်” ဟိုက်ဒရိုဂျင် ဆိုတာဟာ ရေကို လျှပ်စစ်စီးကြောင်းနဲ့ဖြိုခွဲပြီး ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်ကို ဆိုလိုတာပါ။

ပြည်တွင်းမီဒီယာတွေမှာတော့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြကြပြီး ပတ်ဘလစ်ကို သတင်းစာမှာတော့ ဝန်ကြီးချုပ် အန်တိုနီယိုကော်စတာရဲ့ ရုံးအဖွဲ့ အကြီးအကဲ ဗစ်တာ အက်စကာရီယာနဲ့ ကော်စတာရဲ့မိတ်ဆွေ စီးပွားရေးအတိုင်ပင်ခံ ဒီယိုဂို လာဆာဒါ မာချာဒို အပါအဝင် အနည်းဆုံး လူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရေးသားထားပါတယ်။

အက်စကာရီယာရဲ့ နေအိမ်တွေကို ဝင်ရှာဖွေခဲ့ကြောင်း ဝန်ကြီးချုပ်ကော်စတာရဲ့ ရုံးခန်းမှ အတည်ပြုခဲ့ပေမဲ့ နောက်ထပ်မှတ်ချက်တွေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စီးပွားရေးအတိုင်ပင်ခံ မာချာဒိုကလည်း လူသိရှင်ကြား မှတ်ချက်မပေးရသေးဘဲ ရိုက်တာက မှတ်ချက်ပေးဖို့ ချက်ချင်းဆက်သွယ်နိုင်ခြင်း မရှိပါဘူး။ စုံစမ်းစစ်ဆေးသူတွေဟာ ဝန်ကြီးချုပ်ရဲ့ တရားဝင်နေအိမ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ အခြေခံအဆောက်အဦဝန်ကြီး ယိုအောင်း ဂါးလမ်ဘာရဲ့ နေအိမ်အပါအဝင် အစိုးရအဆောက်အအုံ အများအပြားကို အင်္ဂါနေ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသမီဒီယာတွေရဲ့ အဆိုအရ သိရပါတယ်။

ဥရောပရဲ့ အကြီးဆုံး လီသီယမ် ထုတ်လုပ်သူ ဖြစ်နေတဲ့ ပေါ်တူဂီနိုင်ငံဟာ လျှပ်စစ်ကားတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအတွက် အသုံးပြုတဲ့ အဆင့်မြင့် လီသီယမ်ကို ထုတ်လုပ်ဖို့ မိုင်းတွင်းလုပ်သားတွေ ပြင်ဆင်နေကြတာဖြစ်ပြီး လီသီယမ် အရန်ပမာဏ မက်ထရစ်တန် ၆ သောင်း ရှိထားတာ ဖြစ်ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013