DVB Logo
Home
နိုင်ငံတကာ
ဂါဇာတွင် တိုက်ပွဲ ခေတ္တရပ်ပေးရန် အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ တောင်းဆို
DVB
·
November 8, 2023
ဂါဇာတွင် တိုက်ပွဲ ခေတ္တရပ်ပေးရန် အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ တောင်းဆို
Donate to DVB

ဂါဇာမှာ တိုက်ပွဲတွေ ခေတ္တရပ်ထားပေးဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တောင်းဆိုခဲ့ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၇ ရက်မှာ ပြောကြားလိုက်ပြီး တနင်္လာနေ့က ဖုန်းခေါ်ဆိုချိန်အတွင်း တောင်းဆိုခဲ့တာလို့ ဘိုင်ဒင်က ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးတို့ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်တွေနဲ့ အကူအညီတွေ ဝင်လာနိုင်ဖို့အတွက် ဂါဇာမှာ တိုက်ပွဲတွေကို နည်းဗျူဟာတကျ ရပ်တန့်ပေးဖို့ အလားအလာတွေနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဖြစ်နိုင်ခြေတွေကို တနင်္လာနေ့က သူတို့ရဲ့ တယ်လီဖုန်းစကားဝိုင်းအတွင်း ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အရင်က ပြောကြားထားပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ ဟားမတ်စ်တွေကို စစ်ရေးအရ အထောက်အကူဖြစ်စေမယ် ဆိုတဲ့ အစ္စရေးရဲ့ ရပ်တည်ချက်ကို အမေရိကန်က ထောက်ခံထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲတွေကို ၃ ရက်ကြာ ခေတ္တရပ်နားထားခြင်းအားဖြင့် ဓားစာခံတချို့ လွတ်မြောက်ရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နေတန်ယာဟုကို ပြောကြားခဲ့ကြောင်း အမေရိကန်နဲ့ အစ္စရေး အရာရှိနှစ်ဦးကို ကိုးကားပြီး Axios အမေရိကန် သတင်းဝက်ဆိုက်က အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာ ဂါဇာကမ်းမြောင်ကနေ ထွက်ခွာလာတဲ့ နိုင်ငံခြားသားတွေထဲမှာ အမေရိကန်တွေ ပိုပြီး လွတ်လာနိုင်ဖို့ မျှော်လင့်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောပါတယ်။

စစ်ပွဲအပြီးမှာ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က ပြန်လည်သိမ်းပိုက်မယ် ဆိုတာကိုတော့ အမေရိကန်က ဆန့်ကျင်သွားမယ်လို့လည်း ဂျွန်ကာဘီက ဆိုပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ဟာ မိတ်ဆွေတွေဖြစ်ကြပေမဲ့ ပြဿနာတိုင်းအတွက် သဘောတူဖို့ မလိုအပ်ကြောင်းလည်း သတင်းထောက်တွေ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013