DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးရုံးများ ဖွင့်ချိန်မမှန်သဖြင့် ဧည့်စာရင်းတိုင်သူများ အခက်တွေ့
DVB
·
November 8, 2023
ရန်ကုန်တွင် အုပ်ချုပ်ရေးမှူးရုံးများ ဖွင့်ချိန်မမှန်သဖြင့် ဧည့်စာရင်းတိုင်သူများ အခက်တွေ့
Donate to DVB

ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတချို့ ရုံးချိန်အတိုင်း ဖွင့်တာမျိုး မရှိဘဲ တရက်ကို ၂ နာရီလောက်သာ ဖွင့်တာကြောင့် ဧည့်စာရင်းတိုင်မယ့်သူတွေ အနေနဲ့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေဆီကတဆင့် သိရပါတယ်။

အရင်က အုပ်ချုပ်ရေးမှူးရုံးတွေကို မနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်ခဲ့ပေမဲ့ နိုဝင်ဘာ ၂ ရက်နေ့လောက်ကစပြီး မြို့နယ်တချို့က အုပ်ချုပ်ရေးမှူးရုံးတွေမှာ တရက်ကို နာရီပိုင်းလောက်သာဖွင့်ပြီး ပိတ်ရက်မဟုတ်ဘဲ ရုံးပိတ်ထားတာမျိုးတွေလည်း ရှိတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်သူတဦးက “အရင်က ရုံးချိန်အတိုင်း ဖွင့်တယ်။ အခုက ညနေ ၃ နာရီကနေ ၅ နာရီအထိပဲ ဖွင့်တော့တယ်။ အချိန်က ခဏလေးဖွင့်တာဆိုတော့ ဧည့်စာရင်းတိုင်ဖို့ဆို အဆင်မပြေဘူး” လို့ ပြောပါတယ်။

အခုလို ရုံးချိန်အတိုင်းမဟုတ်ဘဲ နာရီပိုင်းသာ ရုံးဖွင့်တာဟာ ရုံးထိုင်ပေးမယ့် ရုံးအကူအင်အား နည်းပါးတာနဲ့ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ နုတ်ထွက်သူများတာကြောင့်လို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရပ်ကွက်ရုံးတွေ ပိတ်ထားပေမဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ နေအိမ်တွေမှာတော့ ဧည့်စာရင်းတိုင်တာကို လက်ခံနေပြီး ဧည့်စာရင်းတခါတိုင်ရင် ငွေကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ ထိ ပေးရတယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ရုံးမှာတိုင်ရင်တော့ ၅၀၀ လောက်ပဲ ပေးရတယ်။ ရုံးပိတ်ထားလို့ အိမ်မှာသွားတိုင်ရင်တော့ လက်ဖက်ရည်ဖိုး ၂,၀၀၀ လောက် ပေးရတယ်။ တခါတလေ ညဘက်မိုးချုပ်မှ သွားတိုင်ရင်တော့ ၅,၀၀၀ လောက်ထိ ပေးရတယ်။”

စစ်ကောင်စီက အခု နိုဝင်ဘာလအတွင်း ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ လုံခြုံရေး တင်းကျပ်ထားပြီး ညစဥ်ညတိုင်း ဧည့်စာရင်းစစ်တာတွေ ပြုလုပ်ပြီး ဖမ်းဆီးငွေညှစ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဧည့်စာရင်းတိုင်တာကို မပျက်မကွက် လုပ်ဆောင်နေရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013