DVB Logo
Home
နိုင်ငံတကာ
ဆွစ်ဇာလန် လေလံပွဲတွင် အကြီးဆုံး စိန်ပြာကြီးကို ဒေါ်လာ ၄၄ သန်းနီးပါးဖြင့် ရောင်းချ
DVB
·
November 8, 2023
ဆွစ်ဇာလန် လေလံပွဲတွင် အကြီးဆုံး စိန်ပြာကြီးကို ဒေါ်လာ ၄၄ သန်းနီးပါးဖြင့် ရောင်းချ
Donate to DVB

ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဂျီနီဗာမှာ ခရစ္စတီး လေလံလုပ်ငန်းက ရှားပါး ကျောက်မျက်ရတနာတွေ ရောင်းချရာမှာ စင်းလုံးချော အပြစ်ကင်းတဲ့ အကြီးဆုံး စိန်ပြာကြီးကို ဒေါ်လာ ၄၃ ဒသမ ၈ သန်း (ယူရို ၄၀ ဒသမ ၉၉ သန်း) နဲ့ နိုဝင်ဘာ ၇ ရက်က လေလံတင်ရောင်းချခဲ့ပါတယ်။

တော်ဝင်အပြာရောင်လို့ ခေါ်တဲ့ တောက်ပရွှန်းလဲ့တဲ့ အပြာရောင်စိန်တုံးဟာ တူးဖော် တွေ့ရှိဖူးသမျှထဲမှာ အရှားပါးဆုံးလို့ ဆိုပါတယ်။

၁၇ ဒသမ ၆ ကာရက်ရှိတဲ့ စိန်ပြာကြီးဟာ မရောင်းချမီ ခန့်မှန်းတန်ဖိုး ဒေါ်လာ သန်း ၅၀ အထိ ရှိခဲ့တာပါ။

“ဒီကျောက်တုံးဟာ ဒေါ်လာ ၄၄ သန်းနီးပါး ရခဲ့ပါတယ်” လို့ ခရစ္စတီးရဲ့ နိုင်ငံတကာ လက်ဝတ်ရတနာ အကြီးအကဲ ရာဟူးလ် ခါဒါကီယာက ပြောပါတယ်။

ဒီလေလံပွဲမှာ ခရစ္စတီးဟာ ဒါဇင်နဲ့ချီတဲ့ ရှားပါးလက်ဝတ်ရတနာတွေကို စုစုပေါင်း ဒေါ်လာ ၇၇ သန်း (ယူရို ၇၂ ဒသမ ၀၅ သန်း) ကျော်ဖိုး ရောင်းချခဲ့ပါတယ်။

တနင်္လာနေ့က သီးခြားရောင်းချရာမှာ ခရစ္စတီးဟာ ဂေါ့ဒ်ဖားသားရုပ်ရှင်ရဲ့ ဇာတ်ဆောင် အမေရိကန် ရုပ်ရှင်မင်းသား မာလွန် ဘရန်ဒိုက ၁၉၇၉ ခုနှစ်ထုတ် “Apocalypse Now” ရုပ်ရှင်ကားထဲမှာ ဝတ်ခဲ့တဲ့ ရိုးလက်စ် လက်ပတ်နာရီကို ဆွစ်ဖရန့်ငွေ ၄ ဒသမ ၅ သန်း (အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၉ သန်း) ကျော်နဲ့ ရောင်းချခဲ့ပါတယ်။

မင်းသားဟာ ရိုက်ကွင်းထဲမှာ မတော်တဆ အလဲမခံရအောင် နာရီရဲ့ကျောဘက်မှာ သူ့လက်မှတ်ကို ရေးထွင်းထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဒီနာရီကို လေလံပွဲမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၂ သန်းနဲ့ လေလံတင် ရောင်းချခဲ့ဖူးပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013